spot_img

ချက်ဒ်ဘောလုံးအဖွဲ့ချုပ်နှင့် ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်တို့ကို ဖီဖာ အရေးယူ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် အာဖရိကဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ချက်ဒ်ဘောလုံးအဖွဲ့ချုပ်နှင့်အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်တို့ကို အရေးယူပိတ်ပင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖီဖာသည် ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်ကို အရေးယူခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် Third-party များ၏ တရားမဝင်လွှွမ်းမိုးမှုများကြောင့်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်နှင့် မသက်ဆိုင်သည့် အစိုးရတာဝန်ရှိသူများက ဘောလုံးအဖွဲ့ချုပ်ကိုလွွှမ်းမိုးရန် ကြိုး စားခဲ့ခြင်းကြောင့်ဖြစ်သည်။

myan789

ပါကစ္စတန်လက်ရွေးစင်ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူက ဖီဖာ၏ ဆုံးဖြတ်ချက်သည် ပါကစ္စတန်နိုင်ငံ၏ ဘောလုံးလောကကို ဖျက်ဆီးရာရောက်ပြီး ယင်းအခြေအနေအထိ ဖြစ်လာခဲ့ခြင်းအတွက်လည်း စိတ်ပျက်မိကြောင်းပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် ဖီဖာက အသိအမှတ်ပြုထားသည့် ဘောလုံးအဖွဲ့ချုပ်သည် ဖြုတ်ချခံခဲ့ရပြီး ပါကစ္စတန်တရားရုံးက ရွေးချယ်ပေးခဲ့သည့် ဥက္ကဋ္ဌက ၂၀၁၈ ခုနှစ်ကတည်းက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ဆောင်ရွက်လျက်ရှိသည်။

ယင်းအတွက်ကြောင့် ဖီဖာကလည်း ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်ကို အသိအမှတ်မပြုပေးဘဲ အာရှဘောလုံးအဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ဘောလုံးအဖွဲ့ချုပ် ဥက္က ဋ္ဌရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ဟာရွန်းမာလစ်က ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

ယခုအခါ ယခင် ဥက္ကဋ္ဌဟောင်း အာဖက်ဟူစိန်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးကို အစိုးရထောက်ခံမှုဖြင့် ပြန်လည်ရယူခဲ့ရာ ဖီဖာက အရေးယူခဲ့ခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌရာထူးကို ဟာရွန်းမာလစ်ထံ ပြန်မလွှဲပေးပါက နောက်ဆက်တွဲဆိုးကျိုးများကိုခံရဦး မည်ဟုလည်း သတိပေးခဲ့သည်။

ချက်ဒ်နိုင်ငံကမူ လက်ရွေးစင်အသင်း၏ ရလဒ်ဆိုးများကြောင့် ချက်ဒ်အားကစားဝန်ကြီးဋ္ဌာနက ဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းတို့စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေရာ ဖီဖာက လုပ်ပိုင်ခွင့်ကိုကျော်လွန်အသုံးချမှုဖြင့် ပိတ်ပင်သည့်ဆုံးဖြတ်ချက်ကိုချခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular