မူရာ နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
စပါးအသင်းက အုပ်စုပွဲ အဝေးကွင်း(၂)ပွဲစလုံး အနိုင်မ ရထားဘူး။ ဒါပေမဲ့ အခုတွေ့ဆုံမယ့် ဆလိုဗေးနီးယားကလပ် မူရာက အုပ်စုတွင်းမှာ အိမ်ဖြည့်သက်သက်အဆင့်လောက် ဖြစ်နေလို့ စပါးအဖို့ ဖိအားမရှိတာသေချာပါတယ်။ မကြာသေး မီကမှ စပါးနည်းပြရာထူးရယူထားတဲ့ ကွန်တီကလည်း သူ့ လက်ထက်မှာ ပြိုင်ပွဲတစ်ပွဲကနေ ထွက်သွားရတဲ့ အခြေအနေ မျိုးမရောက်အောင် ပြင်ဆင်လာမှာ မလွဲပါဘူး။ တစ်ဖက်မှာ ရန်းစ်နဲ့ ဗွီတက်ဆီတို့ ထိပ်တိုက်တွေ့နေတာကြောင့်လည်း စပါးအသင်း ဒီပွဲအနိုင်ရရုံနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အ ရေးရှိနေတယ်။ စပါး ဂိုးပြတ်လိမ့်မယ်။
ရန်းစ် နှင့် ဗွီတက်ဆီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ရန်းစ်အသင်း သရေကစားရုံနဲ့ နောက်တစ်ဆင့်တက်မှာ ကို သတိပြုသင့်တယ်။ ပြင်သစ်မြေဖြစ်ပေမဲ့ ဗွီတက်ဆီကို အရဲ စွန့်ရွေးချင်တယ်။
မက္ကာဘီဟိုင်ဖာ နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
နှစ်သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ရေး အဆုံး အဖြတ်ပွဲဖြစ်နေတယ်။ အူန်ယွန်းဘာလင် အဝေးကွင်းမှာ အနိမ့် ဆုံးသရေကစားမယ်။
ရိုးမား နှင့် ဇော်ယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ရိုးမားအသင်းက နော်ဝေကလပ် ဘိုဒယ်ဂလင့်နဲ့ကစားတဲ့ နှစ်ကျော့မှာ နိုင်ပွဲပျောက်ခဲ့လို့ မသေချာမရေရာတဲ့ အနေအထား ရောက်ခဲ့ရတာပါ။ နည်းပြ မော်ရင်ဟိုအတွက်လည်း နောက်ပိုင်း ရလဒ်ဆိုးတွေကြောင့် ဖိအားမြင့်တက်လာလို့ ဒီလိုပွဲမျိုးတော့ ရလဒ်ကောင်းဖို့ အာရုံစိုက်လိမ့်မယ်။ ရိုးမား ဂိုးပြတ်နိုင်လောက်ပါတယ်။