အင်တာမီလန်အသင်းသည် အသင်းနည်းပြ ကွန်တီကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
ကွန်တီသည် ၂၀၁၉ တွင် အင်တာမီလန်အသင်းကိုစတင်ကိုင် တွယ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
ကွန်တီအနေဖြင့် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်နိုင်သဖြင့် အင်တာမီလန်အသင်း တာဝန်ရှိသူများက ၎င်းကိုစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေ ခြင်း ဖြစ်သည်။
လက်ရှိချုပ်ဆိုထားသည့် စာချုပ်အရ တစ်နှစ်လစာ ယူရို(၁၂) သန်းရရှိနေသည့် ကွန်တီသည် ယခုရာသီကုန်တွင် တစ်နှစ်လစာ ယူရို(၁၃.၅)သန်းအထိ အလိုအ လျောက်တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။