spot_img

‘ကျနော် သူ့အတွက် ၀မ်းနည်းမိပါတယ်’ – ယူနိုက်တက်ကို အရွေးမှားခဲ့တဲ့ လူငယ်ကြယ်ပွင့်ကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက သူ့အနေနဲ့ ရက်စ်မက်စ်ဟွိုင်လန်း အတွက် ၀မ်းနည်းမိတယ်လို့ ဆိုလိုက်ပြီး ၎င်းအနေနဲ့ မန်ယူနိုက်တက်ကို ပြောင်းရွေ့မှုကို delay လုပ်ခဲ့သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဒိန်းမတ် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီက အတ္တလန်တာ ကနေ ယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပြီး အိုးထရပ်ဖို့ဒ် ကစားသမား ဘ၀ ပထမရာသီမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လိဂ်ပွဲစဉ် ၂၇ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဟာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှုး အနေနဲ့ poor record ဖြစ်ပြီး ကာရေဂါက စီးရီးအေ ကနေ ပရီးမီးယားလိဂ်ကို ခုန်လာမှုဟာ အသက် ၂၁ နှစ်အရွယ် ကစားသမား အတွက် တအားကို များလွန်းနေတယ်လို့ သံသယ ဖြစ်နေပါတယ်။ ကာရေဂါက ဟွိုင်လန်း အနေနဲ့ ယူနိုက်တက်ကို မပြောင်းရွေ့မီ တနေရာရာကို အရင် ပြောင်းရွေ့တာက အကျိုးများနိုင်မယ်လို့ ယုံကြည်နေပါတယ်။

myan789

ကာရေဂါက “ကျနော် ဟွိုင်လန်း အတွက် ၀မ်းနည်းမိပါတယ်။ သူဟာ လူငယ် ကစားသမား ဖြစ်ပြီး သူ့ရဲ့ jump ဟာ သူ့အတွက် တအားကို များလွန်းနေခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ တစ်သင်းသင်းကို သွားကာ ၂ နှစ်လောက် အရင် ကစားပြီးမှ ယူနိုက်တက်ကို ပြောင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျနော် သူ့အတွက် ၀မ်းနည်းမိပါတယ်။

ဆက်လက်ပြီး ကာရေဂါက “ပဲလေ့စ်နဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ မန်ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ဆင်တဲ့ အခါမှာ အန်တိုနီဟာ ဟွိုင်လန်းကို ဘောလုံး ပေးခဲ့ပါတယ်။ အဲဒီနောက် အနည်းငယ် mix up ဖြစ်သွားခဲ့ပြီး အန်တိုနီဟာ ဒီအတွက် ဟွိုင်လန်းကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။ သူတို့ နောက်ကိုဆင်းပြီး ထောင့်ကန်ဘောကို defend လုပ်နေတဲ့ အခါမှာလည်း အန်တိုနီဟာ ဟွိုင်လန်းကို ပြောဆိုနေတုန်းပါ။ ကျနော် ဒါကို မုန်းပါတယ်။

အန်တိုနီဟာ လူစားလဲခံရပြီးနောက် သူ ဘာတွေ ပြောနေသလဲဆိုတာ ကျနော် သိပါတယ်။ သူဟာ ကစားသမား တစ်ဦး အကြောင်းနဲ့ မန်နေဂျာ အကြောင်း ပြောနေမှာပါ။ သူဟာ ပွဲအပြီး သူတို့ ဘယ်သွားမလဲဆိုတာကို ပြောနေမှာ မဟုတ်ပါဘူး။ ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို ကြုံနေချိန်မှာ တီးတိုးပြောဆိုမှုတွေကို ကျနော် မုန်းပါတယ်။

သူတို့ဟာ တစ်စုံတစ်ယောက် အကြောင်း ပြောနေတာပါ။ ကျနော်ကတော့ ဒါကို မကြိုက်ပါဘူး။ အိမ်အပြန်လမ်းမှာ ဘက်စ်ကားပေါ် ဒါမှမဟုတ် လေယာဉ်ပေါ်မှာ ဟွိုင်လန်းဟာ လူတိုင်းက သူ့အကြောင်း ပြောနေကြလိမ့်မယ်ဆိုပြီး ထိုင်တွေးနေလောက်ပါတယ်။”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular