spot_img

ကိုဗစ်ကြောင့် ၂ပွဲဆက် လွဲချော်ထားတဲ့ ပူလီဆစ်ရဲ့ နောက်ဆုံးရ အခြေအနေကို အသိပေးရင်း ၊ လီဗာပူးနဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး နောက်ခံလူကို ချီးကျူးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ကာ ၊ သွင်းဂိုး တဂိုး သွင်းပေးနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် နောက်ရက်ပိုင်း အတွင်းမှာ ပူလီဆစ် တယောက် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ အာဆင်နယ် ၊ လီဗာပူး အသင်းတွေနဲ့ ကစားခဲ့ရတဲ့ ပွဲကောင်း ၂ပွဲဆက် လွဲချော်ခဲ့ရသလို ၊ အမေရိကန် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ပါဝင် ကစားပေးဖို့ မသေချာဖြစ်ခဲ့ရပါတယ် ။

myan789

သို့ပေမယ့် ယင်း အမေရိကန်သား ဟာ မနေ့ကပဲ ကွာရန်တင်း ကာလ ပြည့်ခဲ့လို့ ၊ အပြင်ထွက်ခွင့် ရခဲ့ပြီလို့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ အဆို အရ သိရပါတယ် ။ ဒီအတွက်ကြောင့် အမေရိကန် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းခွင့် ရရှိခဲ့သလို ၊ international break အပြီး ချဲလ်ဆီး အသင်းရဲ့ ပွဲစဉ်တွေမှာ ပူလီဆစ် ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ကို စာချုပ် သက်တမ်း တိုးနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ၎င်းကို ၄နှစ် စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ် ။

ခရစ်တန်ဆန် ဟာ ပြီးခဲ့တဲ့ လီဗာပူးနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့လို့ ၊ Sky Sports ရဲ့ Man of the Match ဆုကို ရရှိခဲ့ပါသေးတယ် ။ ဒါ့အပြင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကြံ့ခိုင်မှု အနေအထားကြောင့် ပွဲတိုင်း ကစားပေးဖို့ မဖြစ်နိုင်ချိန်မှာ ၊ ၎င်းဟာ ချဲလ်ဆီး အသင်းရဲ့ အားအထားရဆုံး ဗဟို အတွင်း ခံစစ်မှူး အဖြစ် ရပ်တည်နေပါတယ် ။

လီဗာပူးနဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ တူချယ် က ပူလီဆစ်ရဲ့ ကိုဗစ် အခြေအနေ ၊ ခရစ်တန်ဆန်ရဲ့ စာချုပ်သစ် အခြေအနေနဲ့ ပတ်သက်ပြီး ” ခရစ်တီယန် ဟာ ဒီနေ့မှာ ကွာရန်တင်း ကာလ ပြည့်ပါပြီ ။ ဒီတော့ ဒါဟာ ခင်ဗျားတို့ လိုချင်တဲ့ ရှင်းပြချက်နဲ့ နီးစပ်မယ်လို့ ထင်ပါတယ် ။ “

” အပြင်ပြန်ထွက်ခွင့် ရပြီဆိုတော့ နောက်ထပ် ဆေးစစ်မှုမှာ negative အဖြေ ထွက်တာနဲ့ သူဟာ အမေရိကန် လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းမှာပါ ။ အဲဒီမှာ သူ့အဖို့ ကစားခွင့်တွေ ရပြီး ၊ ခြေရည် ပြန်သွေးလာနိုင်ဖို့ မျှော်လင့်ပါတယ် ။ “

” အန်ဒရီယာစ် ကတော့ ကျွန်တော်နဲ့ စတင် အလုပ်လုပ်တဲ့ ပထမဆုံးနေ့ ကတည်းက အဖက်ဖက်က တောင့်တင်းနေကြောင်း ပြသထားခဲ့ပါတယ် ။ သူဟာ ဒီနေ့ပွဲမှာ သီယာဂို ဝင်လာလို့ ဗဟို အတွင်း ခံစစ်မှူးမှာရော ၊ ညာခံစစ်မှူး နေရာမှာပါ ကစားပေးခဲ့ပါတယ် ။ “

” သူဟာ အမှန်တကယ် အရည်အချင်း ပြည့်ဝပြီး ၊ ချဲလ်ဆီး အသင်းကို ချစ်သလို ၊ အကယ်ဒမီထွက် ချဲလ်ဆီး ကောင်လေး တယောက်လည်း ဖြစ်ပါတယ် ။ ဒီ အသင်း အပေါ်မှာ သူ့ရဲ့ သက်ရောက်မှု က ကြီးမားပါတယ် ။ လောလောဆယ်မှာ သူဟာ ကျွန်တော့ရဲ့ ယုံကြည်မှုကို ခံစားနေရပါတယ် ။ “

” သူကိုယ်တိုင်လည်း အသင်း အပေါ် လုံးဝ ပံ့ပိုးပေးနိုင်မယ် ဆိုတာ သိထားပါတယ် ။ သူဟာ ထိပ်တန်း နောက်ခံလူ တဦး ၊ စိတ်ဓာတ်ပြည့်ဝသူ တဦးပါ ။ သူဟာ အပတ်တိုင်း စွမ်းဆောင်ရည် တစတစ တိုးတက်နေပြီး ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုပိုပြီး မြင့်တက်လာတယ်လို့ ကျွန်တော် ခံစားရပါတယ် ။ နောက်ပိုင်း ဒီထက် ပိုပိုကောင်းလာဖို့ပဲ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular