ဘရာဇီးလ် – အီကွေဒေါ (တနင်္လာနံနက် ၃း၃၀ နာရီ)
ဘရာဇီးလ်အသင်းက အုပ်စု(B)မှာ ပြိုင်ဘက်ကောင်းဆိုလို့ ကိုလံဘီယာအသင်းပဲ လောက်လောက်လားလား ပါဝင်တဲ့ အနေအထားမှာ ကိုလံဘီယာကလည်း မမျှော်လင့်ဘဲ အမှတ်တွေဆုံးရှုံးခဲ့လို့ ဖိအားက မရှိသလောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် လည်း အပြောင်းအလဲလုပ်ရမှာဝန်လေးတဲ့ နည်းပြ ထိထီတောင် အခုပြိုင်ပွဲမှာ အမျိုးမျိုးစမ်းသပ်နေမှုက အထူးအဆန်းမဟုတ် တော့တဲ့ပုံစံမျိုးဖြစ်နေတယ်။ အခုပြိုင်ပွဲမှာ ထိထီက ၄-၃-၃ နဲ့ ၄-၄-၂ ကစားကွက်ကို အလျဉ်းသင့်သလို အသုံးပြုနေပြီး ဒီပွဲ မှာလည်း ဘယ်လိုပွဲထွက်လာမလဲဆိုတာ မှန်းဆရခက်ပါတယ်။ သေချာသလောက်ရှိတာက ပီလီရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်ဖို့ ပစ်မှတ်ထားနေတဲ့ နေမာကိုတော့ ပွဲထွက်စာရင်းမှာ ဆက်ထားလိမ့်မယ်။ အီကွေဒေါအသင်းကတော့ ပရီးမီးယား လိဂ်တိုက်စစ်မှူးဟောင်း အန်နာဗလင်စီယာကို တည်ပြီးကစားနေပေမဲ့ တိုက်စစ်စွမ်းဆောင်ရည်က ကမ္ဘာ့ဖလားခြေစစ်ပွဲ တုန်းကလိုပုံစံမျိုး မဟုတ်တော့ဘူး။ အသင်းက စိတ်ဓာတ်ပိုင်းလည်း နည်းနည်းကျဆင်းလာတဲ့အနေအထားရှိတယ်။ ဘရာ ဇီးလ်ကိုပဲ ရွေးချယ်သင့်တယ်။
ဗင်နီဇွဲလား – ပီရူး (တနင်္လာနံနက် ၃း၃၀ နာရီ)
COVID-19 ပြဿနာတွေကြားမှာ ဗင်နီဇွဲလားအသင်းရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ အသိအမှတ်ပြုစရာကောင်းပါ တယ်။ ဒီနှစ်သင်းနောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့ ရလဒ်ပိုင်းမကွာသလို အကြိတ်အနယ်ဖြစ်လေ့ရှိပြီး နောက်ဆုံးတွေ့ဆုံမှု (၃)ပွဲဆက် သရေကျထားခဲ့တယ်။ အဲဒီပွဲတွေမှာ ဗင်နီဇွဲလားအသင်းက အဓိကကစားသမားအများစုနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အခုပြိုင်ပွဲ မှာတော့ လူမစုံပေမဲ့ အသင်းလိုက်စိတ်ဓာတ်ပိုင်းက အတော်လေးကောင်းမွန်တဲ့ အနေအထားရှိတယ်။ ဗင်နီဇွဲလားအသင်း အမှတ်ထပ်ရဦးမယ်။