spot_img

ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ် အကြိုသုံးသပ်ချက်

ဘရာဇီးလ် – ပီရူး (မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက် နံနက် ၅း၃၀ နာရီ)
ဒီနှစ်သင်းက အုပ်စုအဆင့်မှာ အတူကျရောက်ခဲ့သလို ၂၀၁၉ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာလည်း ဆုံတွေ့ထားပါတယ်။ ဘရာဇီးလ်နဲ့ ပီရူးရဲ့ကြားမှာ ဘောလုံးအဆင့်အတန်းအရရော ကစားသမားအင်အားအရပါ ခြားနားချက်တော်တော်လေးကြီးပါတယ်။ အုပ်စုအဆင့်မှာ ဘရာဇီးလ်က အဲလက်စ်ဆန်ဒရို၊ နေမာ၊ အယ်ဗာတန်ဟီဘေရို၊ ရစ်ချာလီဆန်တို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့သလို ၂၀၁၉ ဗိုလ်လုပွဲအပါအဝင် ပြိုင်ပွဲအဆင့်မှာ နောက်ဆုံးငါးပွဲဆက် အနိုင်ရထားပါတယ်။ တိုက်စစ်မှာ ပွဲတိုင်းနီးပါး ပွဲထွက်ခွင့်ရထားတဲ့ ဂါဘရီယဲလ်ဂျေးဇူး ပွဲပယ်ခံထားရပေမဲ့ ပြဿနာတော့မရှိပါဘူး။ ပီရူးကတော့ မျှော်မှန်းထားတာထက် ပိုကောင်းတဲ့အခြေအနေတစ်ခု ပိုင်ဆိုင်ထားတာဖြစ်လို့ ဆီမီးဖိုင်နယ်ဆိုတာ ကျေနပ်စရာပါပဲ။ ဘရာဇီးလ်ကို အဘက်ဘက်က ယှဉ်နိုင်စရာမရှိလို့ ဂိုးမပြတ်ဖို့ဘဲ ကြိုးစားရမှာပါ။ ဘရာဇီးလ်ပဲ ဗိုလ်လုပွဲတက်ခွင့်ရမှာဖြစ်ပြီး နှစ်ဂိုးလောက်ပြတ်နိုင်တယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular