spot_img

ကာရစ်ကို နည်းပြအဖြစ် ခန့်အပ်သင့်၊ မသင့် မန်ယူကစားသမားဟောင်းများအကြား အမြင်ကွဲလွဲနေပြီး ဗယ်လ်ဗာဒီအား မန်ယူဘောလုံးဒါရိုက်တာ ဆက်သွယ်နေ

လစ်လပ်လျက်ရှိနေသော မန်ယူအသင်းနည်းပြရာထူးနေရာတွင် ယာယီတာဝန်ယူနေရသော အသင်းကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို မန်ယူအသင်းနည်းပြအဖြစ် အပြီးသတ် ခန့်အပ်သင့်၊ မသင့် ဆိုသည်နှင့်ပတ်သက်ပြီး မန်ယူအသင်း၏ ကစားသမားဟောင်းများအကြား အမြင်ကွဲလွဲနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ကာရစ် ပထမဆုံးကိုင်တွယ်သော မန်ယူအသင်းသည် စပိန်မြေ၌ ဗီလာရီးယဲလ်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များမပြီးမီပင် နောက်တစ်ဆင့့်ဖြစ်သည့် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်ခွင့်လက်မှတ် ရရှိခဲ့သည်။

myan789

သို့ဖြစ်ရာ ယင်းပွဲ၌ မန်ယူအသင်း(ယာယီ)နည်းပြ ကာရစ်၏ လူထုတ်ပုံနှင့် လူစားလဲမှုများကို ဘောလုံးဝေဖန်သူအချို့က ချီးကျူးခဲ့ကြပြီး BT Sports ရုပ်သံတွင် ဝေဖန်သုံးသပ်နေသည့် မန်ယူကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်စ်ကလည်း မန်ယူ အသင်းအနေဖြင့် ကာရစ်အား နည်းပြသစ်အဖြစ် အပြီးသတ်ခန့်အပ်ရန် စဉ်းစားသင့်ကြောင်း သုံးသပ်ဝေဖန်ခဲ့သည်။

အိုဝင်ဟားဂရေ့ဗ်စ်၏ သုံးသပ်မှုကို ၎င်း၏ မန်ယူအသင်းဖော်များဖြစ်သည့် ကွင်းလယ်လူဟောင်းပေါလ်စခိုးလ်နှင့် နောက်ခံလူဟောင်း ရီယိုဖာဒီနန်တို့က လက်မခံခဲ့ဘဲ ငြင်းဆန်ပယ်ချခဲ့ကြသည်။

အိုဝင်ဟားဂရေ့ဗ်စ်က”လာမယ့်ချယ်လ်ဆီးနဲ့ပွဲမှာ မိုက်ကယ်(ကာရစ်)အနေနဲ့ ရလဒ်ကောင်းရယူနိုင်ခဲ့ရင် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အိုလေ(ဆိုးလ်ရှား)လိုသာ အစောပိုင်းရလဒ်ကောင်းတွေရယူနိုင်ရင် သူ့နေရာယူမယ့်သူ ရှိမလာနိုင်တော့ပါဘူး။ တကယ်လို့ မိုက်ကယ်(ကာရစ်)လက်ထက်မှာ Clean Sheet တွေရနေပြီး အမှတ်ပေးဇယားမှာ အထက်ကို တက်လာနိုင်ခဲ့ရင် သူ့ကို (နည်းပြသစ်ခန့်ရန်အတွက်) စဉ်းစားရမှာပါ”ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ပေါလ်စခိုးလ်ကမူ”ကျွန်တော်ကတော့ ဒီလိုမမြင်ပါဘူး။ ဒါက မန်ယူအသင်းပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကိုင်တွယ်နည်းပြနိုင်သူကို လိုအပ်ပါတယ်။ မိုက်ကယ်ကာရစ်ဟာ နည်းပြအဖွဲ့ဝင်တစ်ဦးမျှသာ ရှိပါသေးတယ်။ အသင်းကို သူ မန်နေဂျာအဖြစ် တာဝန်ယူရတာလည်း ဒီတစ်ပွဲပဲရှိပါသေးတယ်။ တခြားဘယ်မှာမှလည်း အတွေ့အကြုံမရှိသေးပါဘူး။ သူ့ကို ကျွန်တော် နှစ်သက်ပေမဲ့ ရိုးရိုးသားသားပြောရရင် သူ့ကို ခန့်လို့ မရပါဘူး”ဟု ပြောကြားခဲ့ပြီး ရီယိုဖာဒီနန်ကလည်း ပေါလ်စခိုးလ်

၏ စကားကို ထောက်ခံအားပေးခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူအသင်းဘုတ်အဖွဲ့သည် အသင်းအား ကာလတိုစာချုပ်ဖြင့်ရာသီကုန်အထိကိုင်တွယ်မည့် နည်းပြတစ်ဦးခေါ်ယူရန် စီစဉ်နေပြီး မန်ယူဘောလုံးဒါရိုက်တာ ဂျွန်မားတော့သည် ဘာစီလိုနာအသင်းနည်းပြဟောင်း ဗယ်လ်ဗာဒီအား ဆက်သွယ်နေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular