spot_img

ကာဗာနီနဲ့ နှိုင်းယှဉ်ပြီး ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ရဲ့လိုအပ်ချက် တွေကို ထောက်ပြလိုက်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က အသင်းဖော် တိုက်စစ်မှူး ဖြစ်တဲ့ ကာဗာနီကို ချီးကျူး စကား ဆိုလိုက်ရင်း သူဟာ မာရှယ် ၊ ရပ်ရှ်ဖို့ တို့နဲ့ မတူ ခြားနားတဲ့ အရည်အသွေး တွေကို သယ်ဆောင် လာခဲ့ကြောင်း မှတ်ချက်ပေး စကား ပြောခဲ့လိုက် ပါတယ် ။

အီဒင်ဆန် ကာဗာနီ ဟာ မနေ့ မနက်က ယူနိုက်တက်တို့ ဖူလ်ဟမ် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှာ ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ပြိုင်ဖက် အသင်းမှ ဦးဆောင်ဂိုး သွင်းယူပြီး 16 မိနစ် အကြာမှာပဲ အသင်း အတွက် အဖိုးတန် ခြေပဂိုးကို ပါးနပ်စွာ သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

myan789

ဖြစ်စဉ် ကတော့ ဘရူနို ဖာနန်ဒက်စ်ဟာ ဘယ် တောင်ပံ ကနေပြီး ဘောလုံး ပေးပို့ ခဲ့တာကို ပြိုင်ဖက် ဂိုးသမား အရီယိုလာ မှ ပုတ်ထုတ် ကာကွယ် ခဲ့ချိန် လျှံထွက် လာခဲ့တဲ့ ဘောလုံးကို ကာဗာနီ က အချိန် မဆိုင်းပဲ ချက်ချင်း ကန်သွင်းယူရင်း ခြေပဂိုး ရရှိ သွားစေ ခဲ့တာပဲ ဖြစ်ပါတယ် ။

ထို့အတူ ယူနိုက်တက် အသင်း အတွက် ပါဝင် ကစားပေးခွင့် ရရှိတဲ့ ပွဲစဉ် တွေမှာ စွမ်းနိုင် သမျှ ပြေးလွှား ကစားပေး ခဲ့တဲ့ အသက် 33 နှစ် အရွယ် တိုက်စစ်မှူးဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အသင်း အတွက် 12 ကြိမ် ပါဝင် ကစားပေး ခဲ့ပြီး 4 ဂိုး သွင်းယူ ၊ 2 ကြိမ် ဂိုးဖန်တီး ပေးထား နိုင်ခဲ့ ပါပြီ ။

အခုတော့ ပေါ့ဂ်ဘာက ကာဗာနီဟာ အသင်းဖော် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ထက် အတွေ့အကြုံ ကြွယ်ဝ ကောင်းမွန် သလို ဘောလုံး အရည်အသွေးလည်း ထူးကဲကောင်းမွန်သူ တစ်ဦး ဖြစ်ကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” အီဒီ ( ကာဗာနီ ) ဟာ ထိပ်တန်း အဆင့် တိုက်စစ်မှူး တစ်ယောက် ဖြစ်တယ် ဆိုတာကို လူတိုင်း သိကြ ပါတယ် ။ ကမ္ဘာမှာ ဒီလို အရည်အသွေးမျိုးနဲ့ တိုက်စစ်မှူးတွေ အနည်းငယ်လောက်ပဲ ရှိကြ ပါတယ် ။ အဲ့ဒီ ထဲကမှ တစ်ယောက်ကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရရှိ ထားခဲ့တာပါ ”

” သွင်းယူဖို့ အခက်ခဲဆုံး ဂိုးတွေက ဒီလို ဂိုးတွေ ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ သိကြ ပါတယ် ။ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်မှာ ရပ်ရှ်ဖို့ ၊ မာရှယ် တို့လို ပါရမီ ကောင်းတဲ့ ကစားသမားတွေ ရှိနေကြ ပါတယ် ။ မေဆွန် ( ဂရင်းဝုဒ် ) ရော ပေါ့ဗျာ ။ သူတို့ တွေက ဘောလုံးကို ဧရိယာ ပြင်ပ ကနေ ကန်သွင်း နိုင်စွမ်း ရှိကြ ပါတယ် ”

” ဒါပေမယ့် သူတို့ ဆီမှာ ဒါ ရှိမနေ ပါဘူး ။ သူတို့တွေ ဆီမှာ အီဒီ လို အတွေ့အကြုံတွေ မရှိသေးသလို အီဒီ နဲ့ တူညီတဲ့ အရည်အသွေးမျိုးလည်း မရှိကြ ပါဘူး ။ ဒါ့ကြောင့် ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ကစားသမား တွေနဲ့ တစ်ဦး ရဲ့ လိုအပ်ချက် တွေကို တစ်ဦးက ဖြည့်စွက် ကစားပေး နိုင်တယ် လို့ ကျွန်တော် ထင်မိ ပါတယ် ”

” အီဒီဟာ ဒီနေ့ လုပ်ပြခဲ့ သလို သူ့ရဲ့ အဆင့်အတန်း တွေကို ဆက်လက် ပြသ နိုင်စွမ်း ရှိပါတယ် ။ ကျွန်တော်တို့ ဂိုးတွေ အမှန်တကယ် လိုအပ်နေတတ်တဲ့ အချိန်တွေမှာ သူဟာ မှန်ကန်တဲ့ နေရာ တစ်ခုမှာ ရှိနေတတ်ခဲ့ ပါတယ် ။ သူဟာ အသင်း အနိုင်ရစေဖို့ အတွက် ကောင်းမွန်တဲ့ အခိုက်အတန့် တွေကို ဖန်တီး ပေးနိုင်စွမ်း ရှိပါတယ် ” လို့ ပေါ့ဂ်ဘာ က ချီးကျူး သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular