မန်ယူအသင်းသည် အသင်းတွင် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီဆက်ရှိနေရေးအတွက် ပေါင် (၂.၅)သန်းကျော် ပိုမိုအကုန်အကျခံကာ ကမ်းလှမ်းထားကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။
ကာဗာနီသည် မန်ယူအသင်းတွင် တစ်ပတ်လစာငွေ ပေါင် (၂)သိန်း ရရှိနေပြီး အကယ်၍ အသင်းတွင် ဆက်ရှိနေမည်ဆိုပါက လစာငွေအားနောက်ထပ် တစ်ပတ်ပေါင်(၅)သောင်းတိုးမြှင့်ကာ ပေါင် (၂)သိန်းခွဲအထိ ပေးသွားမည်ဟု မန်ယူအသင်းတာဝန်ရှိသူများက ကမ်းလှမ်းထားကြောင်း သိရှိရသည်။
သို့ဖြစ်ရာ နောက်ထပ်တစ်နှစ် စာချုပ်ချုပ်ဆိုခြင်းအတွက် မန်ယူအသင်းအနေဖြင့် ပေါင်(၂)သန်းခွဲကျော် ပိုမိုကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အသင်းတွင် ကာဗာနီ ဆက်ရှိရေးအတွက် ၎င်းနှင့်ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်နေကြောင်း သိရသည်။