မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီကို သက်တမ်းတိုးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ကာဗာနီသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မန်ယူအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး သက်တမ်း(၁)နှစ် ထပ်တိုးနိုင်သည့် သဘောတူညီချက်လည်း ရယူထားခဲ့သည်။
ကာဗာနီသည် အသက်(၃၃)နှစ်ရှိပြီဖြစ်သော်လည်း ခြေစွမ်းပြနိုင်ဆဲဖြစ်သဖြင့် ဆိုးလ်ရှားက သက်တမ်းထပ်တိုးရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ဆိုးလ်ရှားက “သူ့ကို ကျွန်တော် ယုံကြည်ပါတယ်။ သူက အသင်းမှာ ပွဲထွက်ခွင့် ပိုရလာမှာလည်း သေချာပါတယ်။ သူက အကြံ့ခိုင်ဆုံးကစားသမား တွေထဲက တစ်ဦးအဖြစ် ရှိနေဆဲပါ”ဟု ပြောကြားခဲ့သည်။
ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲကစားပြီး (၄)ဂိုးသွင်းယူပေးထားသည်။