ဆွစ်ဇာလန် – ဘူလ်ဂေးရီးယား(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
ဘူလ်ဂေးရီးယားက မျှော်လင့်ချက်ကုန်နေသလို၊ ခြေစွမ်းပိုင်းကလည်း ဆွစ်ဇာလန်နဲ့ ကွာပါတယ်။ ဘူလ် ဂေးရီးယား ဂိုးပြတ်မရှုံးဖို့ပဲ ကြိုးစားရလိမ့်မယ်။
သြစတြီးယား – မော်လ်ဒိုဗာ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
မျှော်လင့်ချက်မရှိတော့တဲ့ အသင်းတွေဖြစ်ပေမဲ့ ဒီနှစ်သင်းကြား ခြေစွမ်းကွာဟချက်ကြီးမားတယ်။ လူအင်အား ကွာခြားသလို၊ တိုက်စစ်ကစားပုံလည်း ကွာတယ်။ သြစတြီးယား အိမ်ကွင်းလည်းဖြစ်နေလို့ မော်လ်ဒိုဗာလိုအသင်းကို အနိုင်ရဖို့ အခက်အခဲမရှိပါဘူး။
မြောက်အိုင်ယာလန် – အီတလီ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
မြောက်အိုင်ယာလန်က အဝေးကွင်းမှာ ဂိုးတွေပေးရပြီး ရှုံးပွဲတွေ တွေ့ခဲ့ပေမဲ့ အိမ်ကွင်းမှာတော့ ခံစစ်မှတ်တမ်းက တော်တော်လေးအားကောင်းတာကို တွေ့ရတယ်။ အီတလီလည်း ခက်ခက်ခဲခဲ ကစားရမှာသေချာတယ်။ ဒါပေမဲ့ အီတလီ အနိုင် ကစားနိုင်မှာပါ။
စကော့တလန် – ဒိန်းမတ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
စကော့တလန်က Play-off အဆင့်က သေချာသွားပါပြီ။ ဒိန်းမတ်က ခြေစစ်ပွဲအောင်ပြီးသားဖြစ်လို့ အားထည့်စရာမရှိဘူး။ စကော့တလန် သရေလောက်ပဲရမယ်။
ဆန်မာရီနို – အင်္ဂလန်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
အင်္ဂလန်အသင်း လေ့ကျင့်ခန်းဆင်းမယ့်ပွဲ၊ ခြေသွေးရမယ့်ပွဲပါပဲ။ ဂိုးတွေအများကြီး သွင်းလိမ့်မယ်။ ဆန်မာရီနိုကို ကစားရတာလောက် လွယ်ကူပြီး၊ ချောင်တဲ့ပွဲက ဥရောပမှာမရှိဘူး။ ပထမအကျော့တုန်းက (၅)ဂိုးပဲသွင်းခဲ့တာ တော်တော်နည်းပါတယ်။ အခုလည်း အဝေးကွင်းဆိုပေမဲ့ (၅)ဂိုးအထက်ပဲ။
ပိုလန် – ဟန်ဂေရီ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
ပိုလန်က အိမ်ကွင်းမှာ အင်္ဂလန်နဲ့ သရေကျတဲ့ပွဲက လွဲပြီး ကျန်ပွဲစဉ်တိုင်းကို အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ပွဲတိုင်းနိုင်ပြီး ဂိုးပြတ်သွင်းခဲ့တယ်။ ဟန်ဂေရီထက်လည်း ပိုကောင်းပြီး၊ ပိုမာကျောပါတယ်။ ဟန်ဂေရီရဲ့ အဝေးကွင်းရလဒ်က မဆိုးပေမဲ့ ပိုလန်ပဲ နိုင်မယ်။
အခြားပွဲစဉ်များ
အစ္စရေး – ဖာရိုးကျွန်းစုများ
အယ်လ်ဘေးနီးယား – အန်ဒိုရာ