ဘိုလစ်ဗီးယား – ဥရုဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၃၀ နာရီ)
ဘိုလစ်ဗီးယားက ခြေစစ်ပွဲအိမ်ကွင်း(၄)ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်တာ တွေ့ရတယ်။ ဥရုဂွေးအသင်း နိုင်ပွဲပြန်ရှာရတော့မှာမို့လို့ ဧည့်သည်အသင်းကိုပဲ ကြိုက်တယ်။
ဗင်နီဇွဲလား – ပီရူး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၃း၃၀ နာရီ)
ပီရူးအသင်း အိမ်ကွင်းနဲ့ အဝေးကွင်းရလဒ်ပိုင်း ခြားနားချက်များတာကို ထည့်တွက်ရမှာပါ။ ဗင်နီဇွဲလားနဲ့ပဲ စွန့်စားတာ ပိုကောင်းမယ်။
ကိုလံဘီယာ – ဥရုဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၅း၃၀ နာရီ)
နှစ်သင်းစလုံး ခြေစစ်ပွဲ(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ကိုလံဘီယာက ပွဲကျပ်ကာလကို ဖြတ်ကျော်ခဲ့ရတာပါ။ ကိုလံဘီယာ နိုင်ပွဲပြန်ယူလိမ့်မယ်။
အာဂျင်တီးနား – ဘရာဇီးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၆းဝ၀ နာရီ)
ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်သလို၊ အာဂျင်တီးနားကလည်း လက်ရှိအနေအထားအရ စိုးရိမ်စရာမလိုတော့ဘူး။ ဒါပေမဲ့ တောင်အမေရိကရဲ့ခါးသီးတဲ့ မဟာပြိုင်ဘက်အသင်းတွေအကြား ဂုဏ်သိက္ခာအားပြိုင်မှုကြောင့် အကြိတ်အနယ်ရှိဦးမှာ သေချာပါတယ်။ အထူးသဖြင့် ဘရာဇီးလ်အသင်းအဖို့ အမှတ်မလိုအပ်တော့ပေမဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ ပူပူနွေးနွေးအရေးနိမ့်ထားတဲ့ ရှုံးကြွေးတင်ရှိနေတယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ပွဲ Line-up ကိုပဲ အမာခံ ပွဲထုတ်လာဖို့ရှိပြီး အာဂျင်တီးနားမှာတော့ ဥရုဂွေးနဲ့ပွဲမှာ လူစားဝင်သာကစားခဲ့တဲ့ မက်ဆီက ပွဲထွက်လူစာရင်းမှာ ပါဝင်လာမှာပါ။ လက်ရှိအနေအထားမှာ နည်းပြ စကာလိုနီရဲ့အာဂျင်တီးနားအသင်းက ကိုပါအမေရိကပွဲကတည်းက အသားကျလာတဲ့ လူစာရင်းကို အနည်းငယ်လောက်ပဲ Modified လုပ်ထားပြီး ဘရာဇီးလ်ကတော့ အသင်းတိုက်စစ်ပိုင်းမှာ အခင်းအကျင်းသစ်ကို ပွဲထုတ်နေလို့ အိမ်ရှင်အသင်းလောက် တည်ငြိမ်မှုမရှိနိုင်သေးဘူး။ အာဂျင်တီးနားအသင်း အိမ်ကွင်းမှာ အနိမ့်ဆုံးသရေလောက်တော့ ကစားမှာပါ။
ချီလီ – အီကွေဒေါ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၆း၄၅ နာရီ)
ချီလီအသင်း နိုင်ပွဲတွေဆက်နေပြီး စတုတ္ထနေရာအထိ ပြန်တက်လှမ်းလာတယ်။ အီကွေဒေါလည်း ရလဒ်တွေကောင်းနေပေမဲ့ ချီလီကိုပဲ ရွေးချယ်ချင်တယ်။