မီကယ်အာတီတာက အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးအချိန်အထိ ဈေးကွက်ထဲ လှုပ်ရှားနေဦးမယ်လို့ အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။
ဂန်းနားတွေဟာ နွေရာသီအပြောင်းအရွှေ့အတွင်း ကာလာဖီအိုရီ၊ ဒေးဗစ်ရာယာတို့ကို အပြီးသတ် ခေါ်ယူထားခဲ့ပါတယ်။
စမစ်ရို၊ အယ်နန်နီ၊ လိုကွန်ဂါ၊ ဆီဒရစ်တို့ကတော့ အသင်းနဲ့ လမ်းခွဲသွားသလို ဖေဘီယန်ဗီအဲရာ၊ အန်ကီတီယာ၊ ရမ်းစ်ဒေးတို့ကလည်း အသင်းပြောင်းဖို့ နီးစပ်နေပါတယ်။
ဗီလာကို အနိုင်ရခဲ့ပြီးနောက် အာတီတာက “ကျွန်တော်တို့ လက်ရှိလူစာရင်းနဲ့ပတ်သက်ပြီး တကယ်ကျေနပ်ပါတယ်။ ဂျီးဆပ်စ် ဒဏ်ရာရသွားတာကြောင့် ကျွန်တော်တို့ သူ့ကို ထည့်မကစားနိုင်ခဲ့ပါဘူး။
တိုက်စစ်က အားနည်းနေပြီး ဈေးကွက်မှာ တစ်ခုခုလုပ်လို့ရရင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နှစ်ပွဲဆက် အနိုင်ရပြီးနောက် လာမယ့်အပတ်မှာ ဘရိုက်တန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။