spot_img

ကစားသမားဘဝမှ အနားယူချိန်မှာ ဘယ်အရာတွေကို အလွမ်းဆွတ်ဆုံးဖြစ်မလဲဆိုတာကို ဖွင့်ဟလိုက်တဲ့ ရော်နယ်ဒို

အသက် ၃၉ နှစ်ရှိ ဝါရင့်တိုက်စစ်မှူးဟာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် ထူးထူးခြားခြား ၂၅ နှစ်ကြာကစားထားတဲ့ စံချိန်ကိုချိုးဖျက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံ ကျော်ကြားတဲ့ ကစားသမားဘဝတစ်လျှောက်တွင် ဘော်လွန်းဒီအော်ဆု ၅ ကြိမ် ရရှိခဲ့ပြီး ပရီးမီးယားလိဂ်၊ လာလီဂါနှင့် ချန်ပီယံလိဂ်အပါအဝင် ကလပ်အဆင့်တွင် မရေမတွက်နိုင်သော ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

myan789

အံ့အားသင့်ဖွယ် ပေါ်တူဂီကစားသမားဟာ နိုင်ငံ့လက်ရွေးစင်အသင်းနှင့်အတူ နေးရှင်းလိဂ်နှင့် ဥရောပ ချန်ပီယံရှစ် ဆုဖလားများရရှိမှုတွင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ထားနိုင်ပြီး မကြာသေးမီက နိုင်ငံတကာ အားလပ်ရက်အတွင်း ကစားသမားဘ၀ သွင်းဂိုး ၉၀၀ နှင့် ၉၀၁ ဂိုးမြောက် ဂိုးများကို သွင်းယူပြီးနောက် နှေးကွေးသွားမယ့် အရိပ်အယောင် မပြသခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာနှင့် လက်ရှိစာချုပ်ဟာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်တွင် အနားယူဖွယ်ရှိကြောင်း ယခင်က ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် မကြာသေးမီက သတင်းတွေအရ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်ကစားဖို့ ကြံရွယ်နေပြီး တိုက်စစ်မှူးက မျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် အကောင်းဆုံးရာတစ်ခုကို ဖန်တီးပေးနိုင်မှာပါလို့ ယုံကြည်နေပါတယ်။

သူ့ရဲ့တရားဝင် YouTube ချန်နယ်တွင် ကစားသမားဘဝမှ အနားယူတဲ့အခါ မည်သည့်အရာတွေကို အလွမ်းဆွတ်ဆုံးဖြစ်မှာလဲဆိုတာကို မေးမြန်းရာ ရော်နယ်ဒိုက ယူနိုက်တက်အသင်းဖော်ဟောင်း ဖာဒီနန်ကို “ကျွန်တော့်ကတော့ စိတ်လှုပ်ရှားတာတွေ စိတ်ရှုပ်ထွေးတာတွေ ရှိမှာမဟုတ်ပါဘူး။ လွမ်းနေအုံးမယ်လို့တော့ ထင်ပါတယ်”

“တခြားအပိုင်းတွေရှိလို့ ကျွန်တော်က ကောင်းကောင်းထိန်းထားပါတယ်။ ပတ်ဝန်းကျင်မှာ လူကောင်းသူကောင်းတွေရှိပါတယ် စီးပွားရေးကောင်းလည်းရှိသလို ဝင်ငွေလည်းကောင်းပါတယ်”

“ဒါပေမယ့် ဘောလုံးအတွက် စိတ်လှုပ်ရှားတာတွေက ဘယ်တော့မှ ရှိတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့်ဘဲ ဘောလုံးလောကထဲကို နည်းနည်းလောက် တိုးသွားမိတာပါ”

“အသက် ၄၀ လောက်အထိ ကျွန်တော်အားလုံးပေးဆပ်ပြီး ကစားမှာပါ ကျွန်တော်ဆိုလိုတာကို သဘောပေါက်တယ်မလား။ ၄၀ သို့မဟုတ် ၄၁ ၊ ၄၂က အရေးမကြီးပါ။ ဥပမာ ကျွန်တော် ဘောလုံးကစားတာ ၂၅ နှစ်လောက် ရှိပြီမို့ အသက်အရွယ်ကြောင့် နောက်ထပ်ကစားလို့မရတော့ဘူးဆိုတာကို ပြောချင်တာပါ”

Ronaldo is regarded as one of the best players in the history of the competition.

“ဒါကြောင့်မို့လို့ ကျွန်တော့်အသက်ရှည်ဖို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး အလုပ်ဆက်လုပ်နေတာပါ။ ၂ နှစ် ၃ နှစ်လောက်ကြာရင် ကောင်းတဲ့အရာတွေ ထွက်လာနိုင်သေးတယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောပါတယ်။

ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ချက်ချတဲ့ ဘယ်အချိန်မှာမဆို အနည်းငယ်လောက်တော့ ခံစားရဖို့မျှော်လင့်ထားသော်လည်း သူ့ရဲ့စီးပွားရေးလုပ်ငန်းများစွာကို အာရုံစိုက်ကာ နောက်ထပ်အရာတစ်ခုကို စတင်ရန် စိတ်လှုပ်ရှားနေပါတယ်။

“ဟုတ်ပါတယ် ကျွန်တော် ဘောလုံးလောကကို လွမ်းနေမှာပါ” လို့ ပရီးမီးယားလိဂ် သုံးကြိမ် ချန်ပီယံက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က နည်းနည်းတော့ ဒီလိုဖြစ်ပေမယ့် တခြားစိုးရိမ်စရာတွေ ရှိပါသေးတယ်။ ကျွန်တော်လုပ်ချင်စိတ်ရှိတဲ့ စီးပွားရေးဖြစ်တဲ့ နောက်ထပ်အရာတစ်ခုတော့ရှိပါတယ်”

“ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုပဲ။ တကယ်မသိတဲ့ တခြားနယ်ပယ်တွေကို လေ့လာပြီး ကျွန်တော့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ပိုပါဝင်လာပါမယ်”

“ကျွန်တော့်အတွက်ကတော့ ဘောလုံးမှာရော စီးပွားရေးမှာပါ အောင်မြင်မှုရဖို့အတွက် သော့ချက်က ကျွန်တော့်ထက် ပိုထက်မြက်တဲ့သူတွေရှိဖို့ အရမ်းကောင်းလွန်းတဲ့ အကြံဉာဏ်ရှိသူတွေနဲ့ ဝန်းရံထားဖို့ပါ”

“အဲဒါကို နားလည်နိုင်ရပါမယ်။ ကျွန်တော်က ဘောလုံးမှာ ဉာဏ်ကောင်းတယ်လို့ ထင်ပေမယ့် တခြားနေရာတွေမှာ ကျွန်တော့်ထက် အများကြီး ထက်မြက်တဲ့သူတွေရှိတာကြောင့် သူတို့ကို ဝိုင်းရံထားဖို့၊ သူတို့ဆီကနေ သင်ယူဖို့နှင့် ကိုယ့်ပုံစံကို ကိုယ်ဖန်တီးရမှာပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular