spot_img

ကစားသမားတစ်ဦးကို လုံလောက်စွာ မကောင်းခဲ့ဘူးလို့ ပြောပြီး အားနည်းချက် ထောက်ပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ် အဖြစ်် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘန်လေ အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဒီရာသီရဲ့ ပထမဆုံး ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ဒဏ်ရာ ပြသနာမှ သက်သာလာခဲ့တဲ့ ကစားသမားတွေနဲ့ လူငယ်် ကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး ကစားစေခဲ့ကာ ဘယ်တောင်ပံမှာတော့ လူငယ် တိုက်စစ် ကစားသမား ဖြစ်တဲ့ ဂါနာချို ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ် ။

myan789

ဒီပွဲမှာတော့ ဂါနာချိုဟာ ပွဲချိန် 21 မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 27 မိနစ်မှာ ကာစီမီရို ၊ ပွဲချိန် 55 မိနစ်မှာ အန်သိုနီ မာရှယ် တို့က တစ်ဂိုးစီ သွင်းယူပေးရင်း အခုလို ဂိုးပြတ် နိုင်ပွဲမျိုးကို ရရှိစေနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံ တိုက်စစ်ကစားသမား ဖြစ်သူ ဂါနာချို ဟာ လုံလောက်စွာ မကောင်းမွန်သေးကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ရာသီအစတုန်းက ကျွန်တော်တို့ သူ့ကို ကစားစေခဲ့တာကို ခင်ဗျားတို့မြင်တွေ့ခဲ့ကြမှာပါ ။ အဲ့ဒီနောက် သူ့ရဲ့ပါဝင်် ပတ်သက်မှုတွေက လုံလောက်စွာ မကောင်းမွန်ခဲ့ရပါဘူး ။ ဒါပေမဲ့ သူဟာ အချို့ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုတော့ လုပ်ဆောင်ပြနိုင်ခဲ့ပါသေးတယ် ”

” သူဟာ အကောင်းဆုံး မကစားပေးနိုင်ရင်တောင် ကွင်းထဲမှာ အသင်းအတွက် အမြဲတမ်း တစ်ခုမဟုတ် တစ်ခုခုကို လုပ်ပြနိုင်ခဲ့တာချည်းပါပဲ ။ သူဟာ ခံစစ် ကစားရတဲ့ အပိုင်းမှာတော့ လေ့လာသင်ယူမှုတွေကို လုပ်ဆောင်ရပါဦးမယ် ”

” သူ့ဆီမှာ ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိနေတာခဲ့ပြီး အလုပ်လုပ်ရာမှာ ဆုံးဖြတ်ချက် ပြတ်သားလွန်းလှပါတယ် ။ သူဟာ ဘောလုံး မရှိချိန်တွေမှာလည်း ရွေ့လျားမှုတွေ ကောင်းမွန်လှပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ ဒီနေ့ ကစားသလိုမျိုး ကစားတာကို မြင်တွေ့ချင်ပါတယ် ”

” သူ ဂိုးဧရိယာထဲကို ချိုးဝင်ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာမျိုး ၊ အဆုံးသတ် စွမ်းရည်ကောင်းတွေ ပြသတာမျိုး မြင်လိုပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular