spot_img

ကစားသမား နှစ်ယောက် ရှိနေရင် ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်မှာ မဟုတ်ဘူး ၊ ယူနိုက်တက်လဲ ဖလားရမှာ မဟုတ်ဘူးလို့ ခပ်ကြမ်းကြမ်း သုံးသပ်ပေးလိုက်တဲ့ အိုဟားရား

ပေါလ် ပေါ့ဂ်ဘာ ဆိုတာ တူရင်မြေမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ နောက်ပိုင်း ပုံမှန် ခြေစွမ်းကောင်းတွေကို ပြသနိုင်ဖို့ နှစ်စဉ် ရုန်းကန် နေခဲ့ရတာ အားလုံး အသိပါပဲ ။ ဒါပေမဲ့ ပြင်သစ် လက်ရွေးစင် အသင်းဆီ ရောက်သွားတိုင်း ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့် စွမ်းရည်တွေ အမြဲတမ်း ပြနိုင်ခဲ့တာချည်းပါပဲ ။

ဒါ့ကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက ပြင်သစ် လက်ရွေးစင်ရဲ့ ကလပ်အတွင်းမှ စွမ်းဆောင်ရည် အပေါ် အတော်လေး စိတ်ပျက်နေခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ပေါ့ဂ်ဘာ ကတော့ ထူးကဲတဲ့ စွမ်းဆောင်ရည် ပြနိုင်ဖို့ ရုန်းကန် နေရဆဲပါပဲ ။ သူဟာ ဂျူဗင်တပ်မှာ ကစားခဲ့စဉ် တုန်းကလည်း ထိပ်တန်း ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ် ။

myan789

ဒါ့ကြောင့် သတင်းသုံးသပ်သူ အများစုက ပေါ့ဂ်ဘာဟာအနားမှာ ဝန်းရံ ကစားပေးမဲ့ ထိပ်တန်း အသင်းဖော် ရှိနေမှ ပုံစံကောင်း ပြနိုင်သူ ဖြစ်တယ်လို့ ဝေဖန် သုံးသပ်ခဲ့ကြပါသေးတယ် ။ အခုတော့ အိုဟားရား ကလည်း တူညီတဲ့ ဝေဖန် သုံးသပ်မှု တွေကို လုပ်ဆောင် သွားခဲ့ပါပြီ ။

ဒါ့အပြင် မကြာခင် စာချုပ် သက်တမ်း ကုန်ဆုံးတော့မဲ့ ကစားသမားကို ယူနိုက်တက် နဲ့ သက်တမ်း တိုးမြှင့်လို့ မရအောင် အေးဂျင့် မီနို ရိုင်အိုလာက လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ၊ ဖရက်ဒ် နဲ့ တော်မီနေး တို့က ယူနိုက်တက်ကို ဖလားရအောင် လုပ်ပေးနိုင်မဲ့သူတွေ မဟုတ်ကြောင်း အိုဟားရားက ခပ်ကြမ်းကြမ်း သုံးသပ်ခဲ့လိုက် ပါတယ် ။

” သူ (ပေါ့ဂ်ဘာ) ဟာ စာချုပ်သစ် ချုပ်ဆိုနိုင်မှာ မဟုတ်လောက်ပါဘူး ။ မီနို ရိုင်အိုလာ က သူ့ကို ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုးမြှင့်လို့ မရနိုင်အောင် လုပ်ဆောင် သွားပါလိမ့်မယ် ။ ပေါ့ဂ်ဘာကလည်း အချိန်ဆွဲ နေဦးမှာပါ ။ အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိ မရှိ သူဟာ စောင့်ကြည့်သွားပါလိမ့်မယ် “

” သူတို့ ခေါ်ယူနေခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင် ယူနိုက်တက်ဟာ လမ်းကြောင်း တစ်ခုအပေါ် ရောက်နေပြီလို့ ကျွန်တော် ထင်မိ ပါတယ် ။ ဒါပေမဲ့ ပေါလ် ကတော့ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်ပါဘူး ။ သူက အလွတ် ပြောင်းရွှေ့ကြေး နဲ့ပဲ ပြောင်းရွှေ့ ထွက်ခွာ သွားမှာပါ “

” သူ့မှာ ရှိနေတဲ့ အေးဂျင့် ၊ ပေါ့ဂ်ဘာ ရဲ့ ပုံစံ တွေကို ကြည့်လိုက်တာနဲ့ အလွတ်ပြောင်းရွှေ့ကြေး နဲ့ပဲ ထွက်ခွာသွားလိမ့်မယ်လို့ ထင်နေရ ပါတယ် ။ ကစားပုံ နဲ့ ပတ်သက်ရင်တော့ ကျွန်တော် ပေါ့ဂ်ဘာကို သဘောကျပါတယ် ။ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ သူ့ကို စောင့်ကြည့်ခဲ့ရတာက လတ်ဆတ်တဲ့ လေတွေ ရှူသွင်းနေရသလို ပါပဲ “

” ဒါပေမဲ့ မန်ချက်စတာ မှာတော့ သူဟာ အဲ့ဒီလို အဆင့် အတန်းမျိုး မပြသနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ မန်ချက်စတာမှာ သူ တွဲဖက် ကစားနေခဲ့ရတဲ့ အသင်းဖော်တွေက ပြင်သစ် ၊ ဂျူဗင်တပ် အသင်းတွေမှာ ကစားခဲ့ရတဲ့သူတွေနဲ့ ခြားနားလွန်းနေခဲ့တယ် ဆိုတာကိုတော့ ခင်ဗျားတို့ ခွဲခြား သိမြင်ဖို့ လိုအပ်လှ ပါတယ် “

” ကျွန်တော်က ဖရက်ဒ် ၊ တော်မီနေး တို့ကို မလေးမစား လုပ်နေတာ မဟုတ်ရပါဘူး ။ သူတို့တွေဟာ ပေါ့ဂ်ဘာရဲ့ ပြင်သစ် အသင်းဖော် အန်ဂိုလို ကန်တီနဲ့ တူညီတဲ့ အဆင့် အတန်း တစ်ခုမှာ ရှိမနေကြတာတော့ အသေအချာ ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် ဘယ်နေရာမှာ တိုးတက်ဖို့ လိုနေလဲလို့ မေးရင် ဗဟို ကွင်းလယ်လို့ပဲ ကျွန်တော် ဖြေမှာပါ “

” သူတို့ ဆန်ချိုကို ရလိုက်ပါပြီ ။ ဒါပေမဲ့ ကမ္ဘာ့ အဆင့် ဗဟို ကွင်းလယ်လူ တစ်ယောက် လိုအပ်နေသေးဆဲ ပါပဲ ။ ခင်ဗျားတို့ ဖရက်ဒ် ၊ တော်မီနေး တို့လို ကွင်းလယ်လူနဲ့ ပရီးမီးယားလိဂ် ရမှာ မဟုတ်ပါဘူး ။ ဒီလို ကစားသမားတွေ ပွဲတိုင်း ပါဝင်နေရင် ဖလားရမှာ မဟုတ်ဘူး ” လို့ အိုဟားရား က သုံးသပ် ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular