သတင်းတွေအရ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် Youtube Staff ဝန်ထမ်း ၂၁ ယောက်နဲ့အလုပ်တွဲလုပ်နေတယ်လို့ သိရပါတယ်။ဇူလိုင်လတုန်းက ရော်နယ်ဒိုဟာ အင်စတာဂရမ်ရဲ့ Follower အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် Youtube မှာလည်း နာရီပိုင်းအတွင်း သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြန်ပါတယ်။ ရော်နယ်ဒိုရဲ့ချန်နယ်ဟာ လွှင့်တင်ပြီး မိနစ် ၉၀ အတွင်းမှာတင် Subscribers ၁ မီလီယံပြည့်မြောက်ခဲ့ပြီး အခုတော့ ၆၆ မီလီယံအထိ ရှိလာခဲ့ပါတယ်။
လက်ရှိအယ်လ်နာဆာမှာကစားနေတဲ့ ရော်နယ်ဒိုဟာ Dentsu Creative Iberia အတွက် Youtube ဝန်ထမ်း ၂၁ ယောက်နဲ့ အနီးကပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ရော်နယ်ဒိုက ကျွန်တော့်အမြင်မှာတော့ ကမ္ဘာ့အကျော်ကြားဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ သူက ဒီကမ္ဘာမှာ လူသိအများဆုံးကစားသမားတစ်ဦးပါ။ Youtube ကလည်း အဲ့တာကိုသိပါတယ်”လို့ Dentsu အမှုဆောင် သောမက်စ်က ပြောကြားခဲ့ပါတယ်။
UR Cristiano ချန်နယ်အတွက် ရော်နယ်ဒိုဟာ ဝန်ထမ်း ၁၆ ယောက်ခန့်အပ်ထားပြီး Whisper ကုမ္ပဏီအတွက် ဝန်ထမ်း ၅ ယောက် ခန့်အပ်ထားခဲ့ပါတယ်။
Fores ကတော့ ရော်နယ်ဒိုဟာ သူ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီး အောင်မြင်ဖို့ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ဘယ်တုန်းကမှမမြင်ဖူးတဲ့ရော်နယ်ဒိုကိုပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အဲ့အတွက် အချိန်လိုအပ်ပါတယ်။ သူက ကွင်းအပြင်ဘက်က ရော်နယ်ဒိုကို ပြသချင်နေတာပါ။
ရော်နယ်ဒိုက YouTuber မဟုတ်ပါဘူး။ သူက ပရော်ဖက်ရှင်နယ်ကစားသမားပါ။ အဲ့တာအပြင် သူက စီးပွားရေးသမားတစ်ဦးပါ”လို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီမှာ အသက် ၄၀ ပြည့်မှာဖြစ်ပြီး ကစားသမားဘဝကို ဆက်လက်ကစားဖို့ ပြင်ဆင်နေပါတယ်။