spot_img

VAR ရဲ့ဆုံးဖြတ်ချက်တွေကြောင့် အဝေးကွင်းမှာ သရေနဲ့သာကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) စနေညရဲ့အစောဆုံးပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ (၁-၁)ဂိုးနဲ့သရေကျခဲ့ပါတယ်။

ဇယားထိပ်ပိုင်းက ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ထိပ်တိုက်တွေ့ချိန်မှာ သရေကျခဲ့တဲ့ လီဗာပူးလ်အတွက်တော့ နစ်နာမှုဖြစ်ခဲ့ပြီး ဒီပွဲရဲ့ VAR ဆုံးဖြတ်ချက်တွေကလည်း မေးခွန်းထုတ်စရာပါ။

myan789

ဒီနေ့ပွဲမှာ VAR ဟာ လီဗာပူးလ်အသင်းက ဆာလာ၊ မာနေတို့သွင်းယူခဲ့တဲ့ဂိုးတွေကို လူကျွံဘောအဖြစ်နဲ့ ငြင်းပယ်ခဲ့သလို၊ ပြိုင်ဘက် ဘရိုက်တန်အသင်းဘက်ကိုလည်း ပယ်နယ်တီကန်သွင်းခွင့် (၂)ကြိမ်ပေးခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ လီဗာပူးလ်အတွက်တော့ ဖိအားပိုစေတဲ့ရလဒ်ဖြစ်ခဲ့ပြီး ဘရိုက်တန်အသင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာရှုံးနိမ့်ခြင်းနဲ့အတူ လက်ရှိချန်ပီယံကို သရေကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်စရာလို့ဆိုရပါမယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ဒီနေ့ပွဲမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဆာလာ၊ ယိုတာ၊ ဖေမီနိုတို့နဲ့စုဖွဲ့ခဲ့ပြီး ကွင်းလယ်ပိုင်းမှာတော့ မီနာမီနို၊ ဝိုင်နယ်လ်ဒမ်းနဲ့ မီလ်နာတို့ကို တွဲဖက်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်တွဲဖက်မှုက ထင်သလောက်အလုပ်မဖြစ်ခဲ့ဘဲ ယိုတာ၊ ဆာလာတို့ရဲ့ တစ်ဦးချင်းတိုးအားတွေနဲ့သာ ပြိုင်ဘက်ခံစစ်ကိုထိုးဖောက်ခဲ့တာပါ။

ဘရိုက်တန်အသင်းကတော့ အိမ်ကွင်းမှာအမှတ်ရဖို့အတွက် ခံစစ်နဲ့ကွင်းလယ်ကို အဓိကပြင်ဆင်စုဖွဲ့ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကတစ်ဆင့် လီဗာပူးလ်ကိုဖိအားပေးဖို့ကြိုးစားခဲ့တာပါ။

ပွဲအစကတည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး လီဗာပူးလ်အသင်း အခွင့်အရေးတွေရခဲ့သလို၊ ဘရိုက်တန်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ထိရောက်ခဲ့ပါတယ်။

ပွဲချိန်မိနစ် (၂၀)မှာ ဘရိုက်တန်အသင်းပယ်နယ်တီကန်ခွင့်ရခဲ့ပြီး မူပေးကန်သွင်းရာမှာလွဲချော်ခဲ့ပါတယ်။ ဒီပယ်နယ်တီမတိုင်ခင်မှာ ဘရိုက်တန်အသင်းက တိုက်စစ်မှူးကွန်နယ်လီ ဂိုးသမားနဲ့တစ်ဦးချင်းရင်ဆိုင်ကန်ခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

လီဗာပူးလ်အသင်းကလည်း ဆာလာရဲ့သွင်းဂိုးတစ်ဦးလူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ (ဝ-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဂိုးရဖို့ကြိုးစားခဲ့လို့ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပါတယ်။

ပွဲချိန်မိနစ် (၆၀)မှာတော့ လီဗာပူးလ်အသင်းအဖွင့်ဂိုးရခဲ့ပြီး ဆာလာရဲ့ပေးပို့မှုကနေ ဒီယေဂိုယိုတာက ဘရိုက်တန်ခံစစ်ကိုကျော်ဖြတ်ကာ လှလှပပကန်သွင်းယူခဲ့ပါတယ်။

အဖွင့်ဂိုးရပြီးချိန်မှာ လီဗာပူးလ်အသင်းပိုမိုဖိအားပေးနိုင်ခဲ့ပြီး လူစားဝင်ကစားသမား မာနေရဲ့ဂိုးတိုက်ဂိုးတစ်ဂိုးဟာလည်း VAR ရဲ့ဆုံးဖြတ်ချက်နဲ့ ငြင်းပယ်ခံရပြန်ပါတယ်။

(၁-ဝ)ဂိုးနဲ့ပွဲပြီးဖို့နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဘရိုက်တန်အသင်းနောက်တစ်ကြိမ်ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

ဒီပယ်နယ်ဒီကိုတော့ ဂျာမန်ကွင်းလယ်လူ ဂရို့ကအမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ဘရိုက်တန်အသင်းအတွက် အဖိုးတန်ချေပဂိုးဖြစ်စေခဲ့လို့ ပွဲအပြီးမှာတော့ (၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular