ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျွန်တယ်ရီသည် ပြီးခဲ့သည့်ရက်ပိုင်းက UEFA Pro လိုင်စင်ကို ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
တယ်ရီသည် ၂၀၁၈ ခုနှစ်မှစ၍ အက်စတွန်ဗီလာအသင်းတွင် နည်းပြဖြစ်သူ ဒင်းန်စမစ်၏ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး နည်းပြပညာများကိုသင်ယူနေသူဖြစ်သည်။
၎င်းအနေဖြင့် UEFA ထံမှ Pro လိုင်စင်ရရှိခဲ့ခြင်းကြောင့် လက်ထောက်နည်းပြအဖြစ်မဟုတ်တော့ဘဲအသင်းတစ်သင်းတွင် နည်းပြရာထူးကို လက်ခံရယူဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။
တယ်ရီအား သူနှင့်ခေတ်ပြိုင် နာမည်ကျော်ကစားသမားများ ဖြစ်ခဲ့သော ဂျရတ်၊ လမ်းပတ်၊ ရွန်နီတို့ကဲ့သို့ နည်းပြတစ်ဦးအဖြစ် အသင်းတစ်သင်းတွင် တွေ့မြင်ရရန် နီးစပ်နေပြီဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။
တယ်ရီသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ချယ်လ်ဆီးအသင်းတွင် ပွဲပေါင်း(၇၁၇)ပွဲ ကစားခဲ့ပြီး ၂၀၁၇- ၁၈ ရာသီ၌ အက်စတွန်ဗီလာအသင်းတွင် ပြိုင်ပွဲစုံ(၃၆)ပွဲ ကစားပေးခဲ့သည်။
ထို့နောက် ယင်းရာသီကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ဗီလာအသင်းလက်ထောက်နည်းပြရာထူးကို ရယူခဲ့သူဖြစ်သည်။