တတိယလုပွဲ
အီတလီ – ဘယ်လ်ဂျီယံ (တနင်္ဂနွေည ရး၃၀ နာရီ)
ယူရိုအလွန်မှာ အီတလီအသင်းရဲ့ခြေစွမ်း က လျော့ကျလာပါတယ်။ စိတ်ဓာတ်ပိုင်းအရ လည်း ထက်သန်မှုနည်းသွားခဲ့သလို၊ ဘိုနူချီ မပါ နိုင်တဲ့ ခံစစ်က ပြဿနာရှိနိုင်ပါတယ်။ ယူရိုပြိုင် ဘက်ဟောင်းနဲ့ ပြန်တွေ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံအ သင်းက ရှုံးကြွေးဆပ်လိုစိတ်လည်း ပြင်းထန်နေ နိုင်ပါတယ်။ ခြေစွမ်းအရလည်း ဘယ်လ်ဂျီယံက ပိုကြိုက်စရာကောင်းနေပြီး အပြန်အလှန်ဂိုေးတွ မြင်တွေ့ရနိုင်ခြေ ရှိနေပါတယ်။
ဗိုလ်လုပွဲ
စပိန် – ပြင်သစ် (တနင်္လာနံနက် ၁း၁၅ နာရီ)
စပိန်က ယူရိုချန်ပီယံ အီတလီကို ကျော် ဖြတ်ခဲ့ပေမဲ့ တစ်ယောက်အသာရခဲ့တာကြောင့်လို့ ထောက်ပြစရာရှိနေပါတယ်။ ကစားသမားတွေရဲ့ အတွေ့အကြုံပိုင်းကလည်း ပြင်သစ်နဲ့ ယှဉ်ရင် အားနည်းချက်ဖြစ်နိုင်ပါတယ်။ ပြင်သစ်က အင် အားအတောင့်ဆုံးအသင်းဖြစ်သလို၊ ဘယ်လ်ဂျီယံ လိုပြိုင်ဘက်ကို နောက်ကလိုက်ပြီး အနိုင်ယူခဲ့တာ လေးစားစရာပါ။ ပြင်သစ်အသင်း မိနစ်(၉၀)အ တွင်းမှာပဲ အနိုင်ယူပါလိမ့်မယ်။