spot_img

UEFA သည်ငွေကြေးကိုသာ ဂရုစိုက်နေသည်ဟု ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားကော်တိုအာ ဝေဖန်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ကစားသမားများထက် ငွေရရှိရေးကိုသာ ဂရုစိုက်နေသည်ဟု ဘယ်လ်ဂျီယံလက် ရွေးစင်ဂိုးသမား ကော်တိုအာက ဝေဖန်ပြစ်တင်ခဲ့သည်။

လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက် ဒရစ်ဂိုးသမားလည်းဖြစ်သူ ကော်တိုအာသည် ယခုနိုင်ငံတကာရက်သတ္တပတ်တွင် UEFA Nations League ဆီမီးဖိုင်နယ်နှင့် တတိယ နေရာလုပွဲ ပွဲစဉ်နှစ်ပွဲစလုံး ဝင်ရောက်ကစား ခဲ့ပြီး ၎င်းက သူ့ကိုယ်သူ စက်ရုပ်ကဲ့သို့ ဆက် ဆံခြင်းခံနေရသည်ဟုလည်း မှတ်ချက်ပေးခဲ့ သည်။

myan789

”ဒီပွဲ(တတိယနေရာလုပွဲ)က ငွေကြေး အတွက်ကစားတဲ့ ပွဲတစ်ပွဲပါ။ ဒါနဲ့ပတ်သက် ပြီး ကျွန်တော် အရိုးသားဆုံးပြောတာပါ။ TV မှာ ပွဲပိုတစ်ပွဲအဖြစ် UEFA ဝင်ငွေပိုရရေး အတွက် ကျွန်တော်တို့ ကစားပေးခဲ့ရတာဖြစ် ပါတယ်။ ကျွန်တော်တို့အတွက် ပွဲကောင်းတစ် ပွဲဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ အီတလီလို အသင်းနဲ့ ကစားခဲ့ရလို့ပါ။ အီတလီအသင်း အတွက် ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲ ဘယ်လောက်လုပ်ခဲ့သလဲပဲ ကြည့်လိုက်ပါ။ တကယ်လို့ ကျွန်တော်တို့နှစ်သင်းသာ ဗိုလ် လုပွဲတက်ရောက်ခဲ့မယ်ဆိုရင် ဒီပွဲမှာမပါတဲ့ တခြားသူတွေနဲ့ ကစားခဲ့ဖြစ်လိမ့်မယ်”ဟု ကော်တိုအာက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular