spot_img

UEFA ဘဏ္ဍာရေးစည်းမျဉ်းကိုလှည့်ဖြားရန်အတွက် အသင်းဝင်ငွေတိုးတက်စေရန် မန်စီးတီးအသင်းလျှို့ဝှက်ဆောင်ရွက်ခဲ့သည့် အီးမေးလ်များထွက်ပေါ်လာ

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးခြင်းမရှိသေးမီ အသင်းအား အင်အားတောင့်တင်းစေရန်ပြုလုပ်ရာ၌ လှည့်ဖြားမှုများလုပ်ဆောင်ခဲ့ကြောင်း အသစ်ထွက်ပေါ်လာသော အီးမေးလ်များက ဖော်ပြခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုဖြစ်သည့် ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက မန်စီးတီးအသင်းနှင့် စပွန်ဆာကုမ္ပဏီဖြစ်သည့် အီတီဟတ်လေကြောင်းလိုင်းမှ ထိပ်တန်းတာဝန်ရှိသူများပေးပို့ခဲ့သည့် အီးမေးလ်တွင် မန်စီးတီးအသင်း လှည့်ဖြားခဲ့သည့်အကြောင်းအရာများပါဝင်ခဲ့ပြီး ယင်းအီးမေးလ်မှာ ဘောလုံးလျှို့ဝှက်အကြောင်းအရာများကို ဖော်ထုတ်သည့် Football Leaks ဝက်ဘ်ဆိုက်မှတစ်ဆင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

myan789

ထိုအချိန်က မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်တွင် အင်အားကြီးထွားသည့်အသင်းတစ်သင်းဖြစ်လာစေရန် တည်ဆောက်ကြိုးပမ်းနေဆဲအခြေအနေဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းတွင်လည်း ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားမယူသေးဘဲ နည်းပြအဖြစ်တာဝန်ယူကိုင်တွယ်နေဆဲဖြစ်သည်။

အီတီဟတ်လေကြောင်းလိုင်း စပွန်ဆာရှစ်အဖွဲ့မှ မန်စီးတီးအသင်း စျေးကွက်ပူးပေါင်းဆောင်ရွက်ရေးဌာနသို့ ပေးပို့သောယင်းအီးမေးလ်တွင် စပွန်ဆာငွေကြေးများနှင့်ပတ်သက်၍ လှည့်ဖြားသည့်အချက်များပါဝင်ခဲ့သည်။

ယင်း ၂၀၁၀-၁၁ ဘောလုံးရာသီက အီတီဟတ်လေကြောင်းလိုင်းသည် မန်စီးတီးအသင်းထံ စပွန်ဆာငွေကြေးအမှန်တကယ်၌ ပေါင်(၄)သန်းသာ ပေးရမည်ဖြစ်သော်လည်း မန်စီးတီးအသင်းက တရားဝင် ပေါင်(၁၂)သန်း တောင်းခံလွှာပေးပို့ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ အီတီဟတ်တာဝန်ရှိသူများက မိမိတို့အနေဖြင့် အမှန်တကယ်၌ စပွန်ဆာကြေး တစ်နှစ်စာ ပေါင်(၄)သန်းသာ ပေးရမည်ဖြစ်ကြောင်း၊ ကျန်ပေါင်(၈)သန်းမှာ UAE Executive Affairs Authority (UAE EAA) မှ ထိပ်တန်း တာဝန်ရှိသူများက သီးခြားပေးချေမည်ဖြစ်ကြောင်း၊ ယင်းငွေကြေး ပေါင် (၈)သန်းအတွက် UAE EAA အဖွဲ့ထံဆက်သွယ်၍ တိုက်ရိုက်တောင်းခံရန် လိုအပ်ကြောင်း မန်စီးတီးအသင်းထံ အီးမေးလ်ပို့၍ ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဂျိုးဟတ်၊ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေး၊ ဂါရတ်ဘယ်ရီ၊ ဂျိမ်းစ်မီလ်နာ၊ တီဗက်ဇ်အစရှိိသော နာမည်ကျော်ကစားသမားများကို ခေါ်ယူအားဖြည့်ခဲ့သော မန်စီးတီးအသင်းသည် အသင်း၏ထွက်ငွေများပြားခြင်းကို ထေမိစေရန် အတွက်မြင့်မားသောငွေကြေးများဖြင့် စပွန်ဆာစာချုပ်များချုပ်ဆိုပြီး အသင်းဝင်ငွေကို မြှင့်တင်ခဲ့သည်။

သို့သော်လက်တွေ့ တွင် စပွန်ဆာကုမ္ပဏီများထံမှ ငွေကြေးအမှန်တကယ်ရရှိခြင်းမရှိဘဲ အသင်းပိုင်ရှင်ရှိတ်မန်ဆော်က သူပိုင်ဆိုင်သော ကုမ္ပဏီများမှတစ်ဆင့်နောက်ကွယ်မှ ငွေကြေးများပြန်လည်ပံံံ့ပိုးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ ဥရောပကလပ်အသင်းများအား ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဘဏ္ဍာရေးစည်းမျဉ်းဖြင့် ဝင်ငွေထွက်ငွေ မျှတစေရန် သတ်မှတ်ထားသောကြောင့် ယင်းသတ်မှတ်ချက်နှင့် ကိုက်ညီစေရန် မန်စီးတီးအသင်းပိုင်ရှင်များက အသင်းဝင်ငွေကို (လှည့်ဖြားသည့်နည်းလမ်းများဖြင့်) တိုးတက်လာစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယင်းရာသီတွင် မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်ခဲ့သော်လည်း နောက်ရာသီဖြစ်သည့် ၂၀၁၁-၁၂ ရာသီတွင် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် နောက်ပိုင်းတွင်လည်း အသင်း၏ ဝင်ငွေထွက်ငွေကို မျှတစေရန်အတွက် အသင်းပိုင်ရှင်ဖြစ်သူက နောက်ကွယ်မှ ငွေကြေးထည့်ဝင်မှုများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြောင်း Football Leaks ဝက်ဘ်ဆိုက်က မန်စီးတီးအသင်းတာဝန်ရှိသူများအသုံးပြုခဲ့သည့် အီးမေးလ်များကို ဟက်ကာ ဖော်ထုတ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular