မန်စီးတီးအသင်း၏ ဥက္ကဋ္ဌ အယ်လ်မူဘာရက်က UEFA ၏ အပြောင်းအရွှေ့ပိတ်ပင်သည့် ပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မည်သည့်အာဃာတမျှမရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး (CAS) က ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။ အယ်လ်မူဘာရက်က “အာဃာတတွေကို သယ်ဆောင်သွားဖို့ရာ ဘဝက တိုတောင်း လွန်းပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလား နှစ်မျိုးစလုံးကို စိန်ခေါ်နိုင်ရန်အတွက် အင်အားတောင့်တင်းအောင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုနွေရာသီတွင် အသင်းသို့ ကစားသမားသစ်များစွာ ထပ်မံခေါ်ယူအားဖြည့်သွားမည်ဖြစ်ကြောင်း၊ သို့သော် တစ်ရာသီအတွက်သာမဟုတ်ဘဲ ရေရှည်အတွက် ရည်ရွယ်၍ ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။