spot_img

Twitter Account ကို လူကာကူ ဖျက်ပစ်ခဲ့ပြီး Facebook တွင်လည်း အင်တာမီလန်ကစားသမားအဖြစ် ဖြည့်ထားသဖြင့် ချယ်လ်ဆီးနှင့် ဆက်ဆံရေးအခြေအနေ ပိုမိုတင်းမာလာဖွယ်ရှိ

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာ ကူသည် Twitter Account ကို ဖျက်ပစ်ခဲ့ပြီး Facebook Bio တွင်လည်း အင်တာမီလန်ကစားသမားအဖြစ် ဖြည့်သွင်းထားသဖြင့် အသင်းနှင့်ဆက်ဆံရေးအခြေအနေမှာ ပိုမို တင်းမာလာဖွယ်ရှိနေကြောင်း သိရသည်။

လူကာကူက ချယ်လ်ဆီးအသင်းတွင် မပျော်ရွှင်ကြောင်းနှင့် အသင်းဟောင်း အင်တာမီလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း ဖြေကြားထားသည့် အင်တာဗျူးကို Sky Sport Italia သတင်းဌာနက ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သဖြင့် ဆက်ဆံရေးအခြေအနေ တင်းမာနေခြင်းဖြစ်သည်။

myan789

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က လီဗာပူးလ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ၎င်း၏မှတ်ချက်စကားကို သဘောမကျကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို အရေးကြီးပွဲဖြစ်သော်လည်း အရန်စာရင်းမှာပင် ထည့်သွင်းရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်။

ထို့ကြောင့် လူကာကူ၏ ချယ်လ်ဆီးအသင်းအနာဂတ်မှာ မရေရာတော့ကြောင်း သတင်းများထွက်ပေါ်နေစဉ် The Sun သတင်းဌာနက ၎င်းအနေဖြင့် Twitter Account ကို ဖျက်လိုက်ပြီဖြစ်သလို Facebook Bio တွင်လည်း အင်တာမီလန်ကစားသမားအဖြစ် ဖြည့်ထားကြောင်း ပရိသတ်များ၏ သုံးသပ်ပြောကြားမှုကိုကိုးကား၍ ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အင်တာမီလန်ကစားသမားအဖြစ် ဖြည့်ထားခြင်းမှာ နဂိုကတည်းက ရေးထားခြင်း သို့မဟုတ် မကြာသေးမီကမှ ပြင်ဆင်ထားခြင်းဟုတ်မဟုတ်ကိုမူ မသိနိုင်ကြောင်း ပရိသတ်များက မေးခွန်းထုတ်ထားသည်။

သို့သော် လူကာကူအနေဖြင့် Instagram တွင်မူ ချယ်လ်ဆီးကစားသမားအဖြစ် ဖြည့်သွင်းထားကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်ကလည်း လူကာကူ၏အခြေအနေအတွက် တနင်္လာနေ့တွင် ၎င်းနှင့်ဆွေးနွေးသွားမည် ဖြစ်ကြောင်း လီဗာပူးလ်နှင့်ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားသည်။

”မနက်ဖြန်မှာ အစည်းအဝေးရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆုံးဖြတ်သွားမှာပါ။ တနင်္လာနေ့မှာ ကျွန်တော်တို့ ဆွေးနွေးကြမှာပါ။ ကျွန်တော်တို့အားလုံး ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ဆုံးဖြတ်ချက်ချမှာပါ။ သူက ကျွန်တော်တို့အသင်း ကစားသမားပါ။ နောက်ကြောင်းပြန်လှည့်ဖို့ နည်းလမ်းဆိုတာ အမြဲတမ်းရှိပါတယ်။ ဒီကိစ္စကို တံခါးပိတ်ဆွေးနွေးမှုပဲ လုပ်သွားမှာပါ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ ရိုမီလူ သိရမှာဖြစ်သလို ခင်ဗျားလည်း သိရမှာပါ။ အခုလောလောဆယ်တော့ ဒီကိစ္စကို ဆွေးနွေးဖို့မရှိပါဘူး”ဟု တူဟယ်လ်က ပြောကြားသည်။

လူကာကူသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ငါးဂိုးအပါအဝင် ပြိုင်ပွဲစုံတွင် ခုနစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular