မန်စီးတီးအသင်းအပါအဝင် ကမ္ဘာ တစ်ဝှမ်းတွင် ဘောလုံးအသင်းများစွာကို ပိုင်ဆိုင်ထားသည့် City Football Group သည် ပြင်သစ်ကလပ် ထရွိုင်ယက်စ်အသင်းကို ဝယ်ယူခဲ့ပြီးနောက် ၎င်းတို့ ပိုင်ဆိုင်ထားသည့်အသင်းမှာ (၁၀)သင်းအထိ ရှိလာခဲ့ကြောင်း သိရှိရသည်။
ထရွိုင်ယက်စ်အသင်းသည် ၁၉၈၆ ခုနှစ်က စတင်တည်ထောင်သည့်ကလပ်အသင်းဖြစ်ပြီး ၂ဝဝ၁ အင်တာတိုတိုဖလားနှင့် ၂၀၁၄-၁၅ ရာသီက ပြင်သစ်လီဂူး-၂ ချန်ပီယံတို့ကို ရရှိဖူးသည့်အသင်းဖြစ်သည်။
CFG က ထရွိုင်ယက်စ်အသင်း၏ ရှယ်ယာအများဆုံးကိုပိုင်ဆိုင်ခဲ့ပြီးနောက် အမှုဆောင်ချုပ်ဖြစ်သူ ဆိုရီယာနိုက “ကျွန်တော်တို့က ပြင်သစ် ဘောလုံးလောကကို စိတ်ဝင်စားပါတယ်။ ထရွိုင်ယက်စ်အသင်းကို လည်း စိတ်ဝင်စားခဲ့တာကြာပါပြီ။ ဥရောပရဲ့ (၄)သင်းမြောက်အသင်းဖြစ်လာပြီး ပြင်သစ်အသင်းလည်းဖြစ်နေလို့ ဝမ်းသာပါတယ်”ဟု ဆိုခဲ့သည်။
- City Football Group ပိုင်ဆိုင်ထားသည့် ကလပ်အသင်း(၁၀)သင်း
- မန်စီးတီး (အင်္ဂလန်)
- နယူးယောက်စီးတီး (အမေရိကန်)
- မဲလ်ဘုန်းစီးတီး (ဩစတြေးလျ)
- ယိုကိုဟားမား (ဂျပန်)
- မွန်တီဗီဒီယို (ဥရုဂွေး)
- ဟီရိုနာ (စပိန်)
- စီချွန်ကျန်းစု (တရုတ်)
- မွန်ဘိုင်းစီးတီး (အိန္ဒိယ)
- လိုမယ်SK (ဘယ်လ်ဂျီယံ)
- ထရွိုင်ယက်စ် (ပြင်သစ်)