spot_img

PSG အသင်းနှင့် ပိုချက်တီနို လမ်းခွဲဖွယ်ရှိနေပြီး စပါးအသင်းကို ပြန်လည်ကိုင်တွယ်ရန် ဆွေးနွေးမှုများပြုလုပ်နေ

စပါးအသင်းသည် လာမည့်ရာ သီ အသင်းနည်းပြရာထူးအတွက် နည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုကို ပြန်လည်ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း The Athletic က ဖော်ပြခဲ့သည်။

ပိုချက်တီနိုသည် လွန်ခဲ့သည့် (၁၈)လကမှ စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလတွင် PSG အသင်း နည်းပြရာထူးအတွက် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။

myan789

သူသည် PSG အသင်းအတွက် ပြင်သစ်အမှတ်ပေးချန် ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ယင်းဖလားမှာ PSG အသင်းအနေဖြင့် အ ခက်အခဲမရှိ ရယူနိုင်လေ့ရှိသည့် ဖလားတစ်လုံးလည်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ မန်စီးတီးအသင်းကို နှစ်ကျော့စလုံးရှုံးကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထို့ပြင် ပိုချက်တီနိုလက်ထက်၌ PSG အသင်း၏ရလဒ်ပိုင်းနှင့် ခြေစွမ်းပိုင်းမှာလည်း မေးခွန်းထုတ်စရာများရှိနေပြီး PSG အသင်းသည် ပြန်လည်လမ်းခွဲရန် စဉ်းစားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိ သည်။

PSG အသင်းအနေဖြင့် ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ခဲ့ပါက စာချုပ်သက်တမ်းရှည်ကျန်ရှိနေသဖြင့် လျော်ကြေးငွေအမြောက်အမြားပေး ချေရဖွယ်ရှိနေသည့်အခြေအနေတွင် စပါးအသင်းနှင့် ပိုချက်တီနိုတို့၏ ဆွေးနွေးမှုသာ အဆင်ပြေခဲ့ပါက PSG နှင့် ပိုချက်တီနိုတို့သည် အင်တာမီလန်နှင့် ကွန်တီတို့ကဲ့သို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်လမ်းခွဲရန် လွယ်ကူမည်ဖြစ်ပြီး PSG အသင်းဘက်က ပိုချက်တီနိုကို လျော်ကြေးပေးရန် မလိုအပ်သလို၊ စပါးအသင်းကလည်း ပိုချက်တီနိုအတွက် PSG အသင်းထံသို့ လျော်ကြေးငွေ ပေးချေစရာမလို သည့်အခြေအနေမျိုး ဖြစ်လာမည်ဖြစ် သည်။

စပါးအသင်း၏ဥက္ကဋ္ဌဖြစ်သူ လီဗီသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇)အပြီးကတည်းက နည်းပြဟောင်း ပိုချက်တီနိုအား ပြန်လည်ခန့်အပ်လိုသည့်စကားကို အရိပ်အြွမက်ဆိုခဲ့ဖူးပြီး ထိုစဉ်က “ကျွန်တော်တို့အသင်းအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ DNA ပျောက်ဆုံးနေသလို ခံစားရပါတယ်”ဟုဆိုကာ ပိုချက်တီနိုလက်ထက် စပါးအသင်းကို ပြန်လည်အလိုရှိသည့်စကားဆိုခဲ့ဖူးသည်။

ယခုအချိန်တွင် အခြားထိပ်တန်းနည်းပြများကို ကြိုးပမ်းမှုများမှာလည်း အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပိုချက်တီနိုကို ပြန်လည်ကြိုးပမ်းလာခဲ့ခြင်းလည်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular