spot_img

PSG အသင်း၏ အသင်းလိုက်လေ့ကျင့်ခန်းများတွင် ရာမို့စ်ပြန်လည်ပါဝင်နိုင်တော့မည်

ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် PSG အသင်း၏ စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် ယခုအခါ ဒဏ်ရာမှပြန်လည်သက်သာလာနေပြီး အသင်း၏ အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ်များတွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

အသက် (၃၅)နှစ်အရွယ်ရှိ ရာမို့စ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်အသင်းမှ PSG အသင်းသို့ရောက်ရှိလာသူဖြစ်ပြီး ဒဏ်ရာပြဿနာနှင့် ကြံ့ခိုင်မှုပြဿနာများကြောင့် PSG အသင်းအတွက် လက်ရှိအချိန်အထိပွဲကစားပေးနိုင်ခြင်းမရှိသေးပေ။

myan789

ရာမို့စ်အနေဖြင့် တစ်ဦးချင်းလေ့ကျင့်ခန်းများဖြင့်သာ အချိန်ကုန်ဆုံးနေပြီး PSG အသင်းအနေဖြင့်လည်း ရာမို့စ်၏ကြံ့ခိုင်မှုအခြေအနေအပေါ် စိတ်ပျက်လျက်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ယခုအခါရာမို့စ်အနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး PSG အသင်း၏ အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ်များတွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်ပြီး အမြန်ဆုံးပွဲကစားခွင့်ရနိုင်ရန်မျှော်လင့်နေကြောင်းသိရသည်။

ရာမို့စ်သည် ပြီးခဲ့သည့်ရာသီကတည်းက ရီးယဲလ်မက်ဒရစ်အသင်းတွင် ဒဏ်ရာများဖြင့်ရုန်းကန်နေရသူဖြစ်ပြီး PSG အသင်းက၎င်းကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကာ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular