PSG အသင်း၏ ကြယ်ပွင့်ကစားသမား (၃) ဦးဖြစ်သည့် မက်ဆီ၊ နေမာ၊ ဘာပေတို့ ဂျပန်ခရီးစဉ်တွင် ပရိသတ်များနှင့် တွေ့ဆုံ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်း၏ ကစားသမား (၃)ဦးဖြစ်သည့် မက်ဆီ၊ နေမာနှင့် ဘာပေတို့သည် အသင်း၏ ခြေစမ်းခရီးစဉ်အတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေရာ ပြိုင်ပွဲကျင်းပသူများ၏ အစီအစဉ်ဖြင့် ဂျပန်ပရိသတ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ဂျပန်ပရိသတ်များ တက်ရောက်ခွင့်ရသည့် ယင်းတွေ့ဆုံမှုတွင် ဂျာနယ်လစ်များကလည်း မေးခွန်းများ မေးခဲ့ကြပြီး ယင်းကစားသမား (၃) ဦးက Podium ပေါ်မှ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

myan789

ကစားသမား (၃) ဦးအနက် နေမာ၏ အမူအရာမှာ မက်ဆီနှင့် ဘာပေတို့ကဲ့သို့ တက်ကြွစွာပါဝင်မှုမရှိဘဲ စိတ်မပါလက်မပါပုံစံ ဖြစ်နေသည်ဟုလည်း မီဒီယာများက သုံးသပ်ခဲ့ကြကြောင်း သိရှိရသည်။

ဘာပေက ”ဒီနေရာကို လာရောက်ခွင့်ရတာ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အသင်း လေဆိပ်ကို ရောက်လာကတည်းက ဂျပန်ပရိသတ်တွေရဲ့ ကြိုဆိုမှုက အံ့သြစရာဖြစ်ပြီး ဒီမှာ ပျော်စရာကောင်းတဲ့ နောက်ထပ် နေ့အနည်းငယ် ရှိနေဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”ဟု ဘာပေက ပြောကြားခဲ့သည်။

မက်ဆီကမူ ”ဂျပန်ဘောလုံးပရိသတ်တွေဟာ ဘောလုံးကို ဘယ်လောက် ရူးသွပ်ကြပြီး၊ အားပေးကြသလဲဆိုတာကို ကျွန်တော်တို့ သိထားပြီးသားပါ။ ကျွန်တော်တို့ ဒီကို ပြန်လာချင်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။

ဂျာနယ်လစ်များက ဂျပန်လက်ရွေးစင်အသင်း၏ အလားအလာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ယင်းကစားသမား (၃)ဦးက အပြုသဘောဆောင်သည့် ချီးကျူးမှုများပြုလုပ်ခဲ့ကြပြီး ဂျပန်လက်ရွေးစင်အသင်းသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရလဒ်ကောင်းရနိုင်မည်ဟု ယုံကြည်နေကြောင်း၊ ဂျပန်ကစားသမားများသည် အရည်အသွေးမြင့်ကစားသမားများဖြစ်သလို၊ ဂျပန်ဘောလုံးအဆင့်အတန်းကလည်း အလွန်မြင့်မားကြောင်း ချီးကျူးပြောကြားခဲ့သည်။

မက်ဆီက ” အရေးအကြီးဆုံးကတော့ ကလေးငယ်ဘဝကတည်းက ဘောလုံးကို ပျော်ရွှင်စွာ ကစားဖို့ ဖြစ်ပြီး ဘောလုံးကနေ ကလေးတွေက တာဝန်ယူမှု၊ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုတွေနဲ့ အောင်မြင်မှုတွေကို သင်ယူနိုင်ပါလိမ့်မယ်”ဟု အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

ရယ်စရာ အဖြစ်အပျက်အဖြစ် နေမာ၏ နားကြပ်က မကောင်းသဖြင့် မေးခွန်းများကို ကြားရခြင်း မရှိသည့်အတွက် မက်ဆီက တစ်ဆင့်မေးပေးရပြီး ”အခုတော့ မက်ဆီက ကျွန်တော့်ရဲ့ စကားပြန်အဖြစ် ဆောင်ရွက်နေပါတယ်” ဟု နေမာက ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular