spot_img

PSG အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုမီ ဘာပေအား စကားပြောဆိုခဲ့ပြီး အကြံပေးခဲ့သည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ဖွင့်ဟ

PSG အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုမီ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေနှင့် မိမိတို့ စကားပြောဆိုခဲ့ ပြီး အကြံပေးခဲ့သည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့သည်။

အသက်(၂၃)နှစ်သာရှိသေးသူ ဘာပေသည် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သေချာသလောက်ရှိနေသည့်အနေအထားမှ ဆုံးဖြတ်ချက်ပြင်ဆင်ကာ PSG အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

myan789

”ကိုင်လီယန်ဘာပေနဲ့ စကားပြောခဲ့တယ်ဆိုတာ မှန်ပါတယ်။ သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက်မချခင် အချိန်မှာပေါ့။ သူ့ကို ပြင်သစ်မှာဆက်နေဖို့ ပုံမှန်မိတ်ဆွေလိုပဲ အကြံပေးခဲ့ပါတယ်။ ဒါက ကျွန်တော့်တာဝန်လို့ ယုံကြည်ပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ တိုင်းပြည်ကို ကာကွယ်ရပါမယ်”ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက မည်သည့်ကစားသမား အပြောင်းအရွှေ့ကိုမျှ ကြားဝင်မည်မဟုတ်ကြောင်းနှင့် မာဆေးလ်အသင်း၏ ပရိသတ်ဖြစ်ကြောင်းလည်း ဝန်ခံခဲ့သည်။

ဘာပေသည် ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်ခဲ့သည့် နည်းပြ ပိုချက်တီနို နှင့် နေမာအပါအဝင် အခြား(၁၂) ဦးကို အသင်းမှဖယ်ရှားစေရန် ဆန္ဒရှိနေကြောင်း သတင်းဖော်ပြမှုများမှာ အတုအယောင်သာဖြစ်ကြောင်း ငြင်းဆန်ပယ်ချခဲ့သည်။

ဘာပေက ယင်းဖော်ပြမှုနှင့် ပတ်သက်၍ ”FAKE” ဟု တစ်လုံးတည်း ရေးသားတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာပေသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် မိုနာကိုအသင်းမှ PSG သို့ ကနဦးအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယူရိုသန်း (၁၈၀)ဖြင့် အပြီးသတ်ပြောင်းရွှေ့ကာ နေမာပြီးလျှင် ကမ္ဘာတစ်ဝန်း ဒုတိယပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်းသည် PSG ကစားသမားဘဝ (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၁၇) ပွဲ ကစား၊ (၁၇၁)ဂိုး သွင်းယူထားပြီး အသင်းသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်နေလျက်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular