spot_img

PSG အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိသည်ဟု ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ၏မိခင်ဖြစ်သူ ဖွင့်ဟ

ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေး နွေးနေလျက်ရှိကြောင်း သူ၏မိခင်နှင့် ကိုယ်စားလှယ်ဖြစ်သူ ဖေဇာလာမာရီက ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်သာရှိသေးသူ ဘာပေသည် ၂၀၂၂ ခုနှစ် နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့်ဇန်နဝါရီ ၁ ရက်၌ အသင်းသစ်တစ်သင်းသင်းနှင့်လည်း စာချုပ်ချုပ်ဆိုခွင့် ရှိနေသည်။

myan789

ဘာပေသည် ပြီးခဲ့သည့်နွေ ရာသီအပြောင်းအရွှေ့ကာလက PSG အသင်းမှ ထွက်ခွာလိုခဲ့သည်ဟု အတိအလင်းပြောကြားထားပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

သို့သော် PSG အသင်းက ရီးယဲလ်အသင်းဘက်မှ တရားဝင်ကမ်းလှမ်းသည့် ပြောင်းရွှေ့ကြေးပမာဏကို လက်ခံခြင်းမရှိသောကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၅ ရက်တွင် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘာပေကို အကြိုလက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

ပီရက်ဇ်၏ပြောစကား ထွက်ပေါ်လာအပြီး တစ်ရက်အကြာ၌ လာမာရီက Le Parisien နှင့်အင်တာဗျူးတွင် သူ၏သားဖြစ်သူသည် PSG အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသည်ဟု အတိအလင်းပြောကြားခဲ့သည်။

”အခုချိန်မှာ PSG အသင်း နဲ့ ကျွန်မတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အခြေအနေအားလုံး ကောင်းပါတယ်။ ပြီးခဲ့တဲ့ညက (PSG အားကစားဒါရိုက်တာ) လီယိုနာဒိုနဲ့လည်း စကားပြောခဲ့ပါသေးတယ်။  အဖြေတစ်ခု ရှာဖွေနိုင်မယ်ဆိုတာ သေချာပါ

တယ်။ သူ(ဘာပေ)ကလည်း ချန်ပီယံလိဂ်ဖလားရရှိတဲ့အထိ အရာအားလုံး ပေးဆပ်သွားမှာပါ”ဟု လာမာရီက ပြောကြားခဲ့သည်။  

ထို့ပြင် လာမာရီက သူ၏သားသည် ပျော်ရွှင်မှုအပေါ်တွင်သာ မူတည်ပြီး ဆုံးဖြတ်ချက်ချလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ 

”ကိုင်လီယန်(ဘာပေ)ပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ သူ ဝမ်းနည်းတဲ့အခါတိုင်း ပြောလေ့ရှိတာက အရှုံးပေးလိုက်တော့မယ် ဆိုတာပါပဲ။ ပြီးတော့ သူ မကြာခဏပြောတာလည်း ရှိပါတယ်။  ဒါကတော့ ကိုင်လီယန်နဲ့အတူ အရာအားလုံးကို နေ့တစ်နေ့မှအစပြုပြီး နောက်နေ့တွေအထိ ပြောင်းလဲပစ်နိုင်တယ်ဆိုတာပါပဲ”ဟု လာမာရီက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular