spot_img

PSG အသင်းနှင့် စာချုပ်သက်တမ်းတိုး၊မတိုး ကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဘာပေ အဖြေပေးရမည်

ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဘာပေအနေဖြင့် PSG အသင်းနှင့် စာချုပ် သက်တမ်းတိုး၊မတိုး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ အဖြေပေးရမည်ဖြစ်ပြီး သက်တမ်းမတိုးပါက ယခုနွေရာသီတွင် ယူရိုသန်း ၂၀၀ ဖြင့် ရောင်းချဖွယ်ရှိကြောင်း သိရသည်။

ဘာပေနှင့် PSG အသင်းတို့အကြား အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ ဆက်ဆံရေးအခြေအနေ တင်းမာလျက်ရှိပြီး စာချုပ်သစ်မချုပ်ပါက ယခုနွေရာသီမှာပင် ရောင်းချဖွယ်ရှိနေခြင်းဖြစ်သည်။ ဘာပေ၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်အထိဖြစ်ပြီး တစ်နှစ် ထပ်မံတိုးမြှင့်နိုင်သည့်အချက်ပါဝင်သည်။ သို့သော် ၎င်းက စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒမရှိကြောင်း ပြီးခဲ့သည့်ဇွန်လအတွင်း PSG အသင်းထံ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

myan789

ဘာပေ က ၎င်းအနေဖြင့် လာမည့်နှစ် နွေရာသီတွင် ရီးယဲလ်အသင်းသို့ အလွတ်ဖြင့် ပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုထားခြင်းမရှိကြောင်း ဖြေရှင်းခဲ့သော်လည်း PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကမူ ကမ္ဘာ့အကောင်းဆုံးကစားသမားကို အလွတ်ဖြင့် ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အသင်း၌ လာမည့် ရာသီဆက်နေချင်ပါက စာချုပ်သစ်ချုပ်ဆို ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် သတိပေးပြောကြားခဲ့သည်။

သို့ဖြစ်ရာ PSG အသင်းက ဘာပေအား ၂၀၂၅ ခုနှစ်အထိ ဆက်နေ၊မနေ ဆုံးဖြတ်ရန် ဇူလိုင် ၃၁ ရက်အထိ အချိန်ပေးထားခြင်းဖြစ်သည်။ PSG အသင်းသည် ဘာပေကို ခေါ်ယူစဉ်က ကမ္ဘာတစ်ဝန်း ဒုတိယပြောင်းရွှေ့ကြေး အမြင့်ဆုံးအဖြစ် ယူရိုသန်း ၁၈၀ ပေးချေခဲ့ရသလို ပြီးခဲ့သည့်နှစ် နွေရာသီက စာချုပ်သက်တမ်းတိုးမြှင့်ရာတွင်လည်း ကမ္ဘာ့စံချိန်တင် လစာအဖြစ် တစ်လလျှင် ယူရို ၄ ဒသမ ၆ သန်းအထိ ပေးချေနေရသည်။ 

ထို့ကြောင့် ၎င်းင်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရန် ဆန္ဒမရှိဘဲ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးပါက လာမည့်နှစ်တွင် ရီးယဲလ် အသင်းသို့ ရောင်းချ၍ ထွက်ခွာခွင့်ပြုရန် စီစဉ်ထားကြောင်း သုံးသပ်မှုများရှိနေသည်။ အကယ်၍ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပါက ယခုနွေရာသီမှာပင် ရောင်းချဖွယ်ရှိပြီး ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၀၀ အထိ တောင်းဆိုဖွယ်ရှိကြောင်း ပြင်သစ်အခြေစိုက် RMC Sport ရုပ်သံက ခန့်မှန်းဖော်ပြခဲ့သည်။

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ဘာပေနှင့်ပတ်သက်၍ “ကျွန်တော့်ရပ်တည် ချက်က ရှင်းပါတယ်။ ဒီအကြောင်းကို အချိန်တိုင်း ထပ်မပြောချင်ပါဘူး။ ဘာပေအနေနဲ့ ဆက်နေချင်တယ်ဆိုရင် ကျွန်တော်တို့လည်း သူ့ကို ဆက်ရှိစေချင်ပါတယ်။ ဒါပေမဲ့ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့တော့ လိုပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ကျွန်တော်တို့ အလွတ်နဲ့တော့ ဆုံးရှုံးမခံနိုင်ပါဘူး။ ကျွန်တော်တို့ အဲဒီလိုမလုပ်နိုင်ပါဘူး။ သူက အလွတ်နဲ့ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောဖူးပါတယ်။ ဒီနေ့ သူစိတ်ပြောင်းသွားရင် အဲဒါ ကျွန်တော့်အမှားမဟုတ်ပါဘူး” ဟု ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular