spot_img

PSG အသင်းတွင် အပျော်ရွှင်ဆုံးရာသီကို ဖြတ်သန်းနေပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း နေမာ ပြောကြား

PSG တိုက်စစ်မှူး နေမာက မိမိအနေဖြင့် အသင်းတွင် အပျော်ရွှင်ဆုံးရာသီကို ဖြတ်သန်းနေပြီး စာချုပ်သစ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်မီ ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားနေသော်လည်း သဘောတူညီမှု မရှိသေးပေ။

myan789

ထို့ကြောင့် PSG အသင်းသည် နေမာထွက် ခွာသွားမည်ကို စိုးရိမ်နေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် နေမာက PSG အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း ဧပြီလ (၂၇)ရက်တွင် RMC Sport သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နေမာက ”PSG အသင်းမှာ အပျော်ရွှင်ဆုံးရာသီကို ကျွန်တော် ဖြတ်သန်းနေပါတယ်။ စာချုပ်သစ်အတွက် အသင်းနဲ့ ဆွေးနွေးနေပြီး ဘာဖိအားမှ မရှိပါဘူး။ စာချုပ်သစ်အတွက် ဆွေးနွေးမှုက အရမ်းအဆင်ပြေပြီး မကြာခင် ပျော်စရာအဆုံးသတ်ကို ရောက်ရှိပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းပရိသတ်တွေ ဂုဏ်ယူနိုင်အောင် အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် နေမာက ကွင်းအတွင်း ပရိသတ်များ ပြန်လည်ဝင်ရောက်အားပေးနိုင်မည့်အချိန်ကို မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့သည်။

နေမာ သည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှ ကမ္ဘာ့စံချိန်တင် ယူရို(၂၂၂) သန်းဖြင့် PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ(၁၁၀)တွင် (၈၄)ဂိုးသွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular