ရိုးမားအသင်း၏ နည်းပြသစ် မော်ရင်ဟိုသည် PSG အသင်းမှ ပြင်သစ်ဂိုးသမား အာရီယိုလာကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
အာရီယိုလာသည် ပြီးခဲ့သည့်ရာသီက ဖူလ်ဟမ်အသင်းထံ အငှားချခံခဲ့ရသူဖြစ်ပြီး PSG အသင်းက ၎င်းကို ပြန်လည်နေရာပေးလိုခြင်းမရှိတော့ဘဲ ယူရို(၁၀)သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ယခုအခါ မော်ရင်ဟိုက ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ထားပြီဖြစ်ပြီး အာရီယိုလာကလည်း စီးရီးအေသို့ ပြောင်းရွှေ့ ကစားရန် စိတ်အားထက်သန်နေကြောင်း အီတလီမီဒီယာအချို့က ဖော်ပြခဲ့သည်။