spot_img

PFA ဆုကို ၂ နှစ်ဆက်တိုက် ရယူပြီး သမိုင်းဝင်ခဲ့တဲ့ ကီဗင် ဒီဘရိုင်းနား ရဲ့ ပျော်ရွှင်မှု စကားသံများ

မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် PFA ( Professional Footballers’ Association ) ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆုကို ဆွတ်ခူး ရရှိ ခဲ့ ပါတယ် ။ PFA ဆုဟာ 1973-74 ဘောလုံး ရာသီက စတင်ပေးအပ်တဲ့ ဆုဖြစ်ပြီး လိဂ် အတွင်းမှာ ကစား နေကြတဲ့ ကစားသမားတွေ ရဲ့ မဲတွေ နဲ့ ရွေးချယ် ပေးအပ်တာပဲ ဖြစ်ပါတယ် ။ ဒီနှစ်ဆု ကတော့ ၄၈ ကြိမ်မြောက် ဖြစ်ပြီး ဒီဘရိုင်းနား က ၂ နှစ်ဆက် ဆွတ်ခူး ခဲ့တာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် အဆင့်မြင့်တန်း ( ယခင် ပထမတန်း + ယခု ပရီးမီးယားလိဂ် ) သမိုင်း တစ်လျောက်မှာ ဒီလိုမျိုး PFA ဆုကို ၂ နှစ်ဆက် ရရှိသူ များများ စားစား မရှိခဲ့ ပါဘူး ။ ဆုကို ၁ ကြိမ်ထက် ပိုရဖူးသူ ၆ ဦးသာ ရှိခဲ့ပြီး ၂ နှစ်ဆက် ရဖူးသူ ကတော့ ဒီဘရိုင်းနား မတိုင်ခင် ၂ ဦးသာ ရှိခဲ့ ပါတယ် ။

myan789

အဲ့ဒိ လူတွေကတော့ သီယာရီ အွန်နရီ ( ၂၀၀၂ – ၀၃ ) ( ၂၀၀၃ – ၀၄ ) နဲ့ ခရစ္စတီယာနို ရိုနယ်ဒို ( ၂၀၀၆ – ၀၇ ) ( ၂၀၀၇ – ၀၈ ) တို့ပဲ ဖြစ်ကြပါတယ် ။ အခုအချိန် မှာတော့ ကီဗင်ဒီဘရိုင်းနား လည်း ဒီလို ရှားပါးတဲ့ သမိုင်းဝင် မှတ်တမ်းရှင် တစ်ဦး ဖြစ်လာခဲ့ ပါပြီ ။

“ပရီးမီးယားလိဂ် ရဲ့ ဂန္ထဝင် ၂ ယောက် နဲ့ အတူ စာရင်းပေါက် ခဲ့တာ အရမ်း ကောင်းတဲ့ ခံစားချက် ပါ ။ တစ်ယောက် က ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက် ၊ နောက် တစ်ယောက် က လက်ရှိ ဘောလုံး လောကရဲ့ အကောင်းဆုံး ၂ ယောက်ထဲက တစ်ယောက်ပါ ။ ဒါကြောင့် သူတို့နဲ့ အတူ ပါဝင် နိုင်တာက တကယ်ကို ကောင်းလှပါတယ်”

“ကိုယ့်ရဲ့ ပြိုင်ဘက်တွေက အကောင်းဆုံးလို့ မဲပေး ခံခဲ့ရတာက တကယ်ထူးခြားတဲ့ ခံစားချက်ပါ ။ သူတို့တွေဟာ ကစားပွဲတွေရဲ့ အကြောင်းကို ကောင်းကောင်း သိပြီး ကောင်းကောင်း နားလည် ကြတဲ့ သူတွေပါ”

“ကျွန်တော် ဒီအသင်း ( မန်စီးတီး ) မှာ ကစားရတာကို အရမ်း အရမ်း နှစ်သက်ပါတယ် ။ ဒီအသင်းရဲ့ ကစားပုံကိုလည်း ကျေညက် နေပါပြီ ။ ဒါကြောင့် စာချုပ်သစ် ချုပ်ခဲ့တာပါ ။ ဒီမှာ အရမ်း ပျော်ပါတယ် ။ ဆုဖလားတိုင်းကို ရယူဖို့ ကျွန်တော်တို့ ယှဉ်ပြိုင်နေကြတာပါ ၊ ဒါကလည်း ကျွန်တော့ ခံယူချက်နဲ့ ကိုက်ညီပါတယ်”

“ဒီအသင်းက တကယ့်ကို မယုံကြည်နိုင်လောက်တဲ့ အသင်းပါ ၊ ကျွန်တော့ကိုလည်း အကောင်းဆုံး ပုံစံမှာ နေ့တိုင်း ရှိနေဖို့ တွန်းအား ပေးနေပါတယ်” လို့ ဒီဘရိုင်းနားက ဆုကို လက်ခံ ရယူ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။ စီးတီး လူငယ်လေး ဖီးလ် ဖိုဒန် ကလည်း PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစား သမား ဆုကို ဆွတ်ခူး ရရှိခဲ့ ပါတယ် ။ ဖိုဒန် ကတော့ ဒီနှစ် အတွက် Premier League မှာရော PFA မှာပါ လူငယ်ဆုတွေ ကို ဆွတ်ခူး နိုင်ခဲ့တာပါ ။

“တကယ် ဂုဏ်ယူမိပါတယ် ။ အတိတ်တုန်းက ဒီဆုကို တကယ့် ဂရိတ်တွေ ရခဲ့ ကြဖူးပါတယ် ။ ဒီနှစ်မှာ တကယ် တော်တဲ့ လူငယ်တွေ အများကြီး ပေါ်ခဲ့တာပါ ၊ သူတို့ကို ကျော်ပြီး ကျွန်တော် ဆုရခဲ့လို့လည်း အရမ်း ဝမ်းသာ ဂုဏ်ယူမိ သလို ကံကောင်းတယ်လို့လည်း ထင်မိပါတယ်” လို့ ဖီးလ် ဖိုဒန် က ပြောဆို သွားခဲ့ ပါတယ် ။

PFA ဟာ အမျိုးသမီး ဆုတွေကို လည်း ပေးအပ် ချီးမြှင့် ခဲ့ပြီး ချဲလ်ဆီး ကစားသမား ဖရန် ခါဘီ က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ၊ မန်စီးတီး ကစား သမား လောရန့် ဟမ့် က ဆွတ်ခူး ရရှိသွားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular