spot_img

Pandora Papers စာရင်းတွင် အီတလီနည်းပြ မန်စီနီနှင့် အီတလီလူမျိုးအေးဂျင့် ရိုင်အိုလာတို့ ပါဝင်လာ

ပြီးခဲ့သည့်အောက်တိုဘာလ (၃)ရက်မှစတင်၍ International Consortium of Investigative Journalist(ICIJ) က ထုတ်ပြန်ကြေညာနေသည့် Pandora Papers စာရင်းတွင် အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီနှင့် နာမည်ကျော်အီတလီအေးဂျင့် ရိုင်အိုလာတို့ပါဝင်လာခဲ့ကြောင်း သိရသည်။

Pandora Papers ဆိုသည်မှာ လက်ရှိနိုင်ငံ့ခေါင်းဆောင်များ၊ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဘီလျံနာများ၊ ကျော်ကြားသူများနှင့် စီးပွားရေးခေါင်းဆောင်များ၏ လျှို့ဝှက်ဘဏ်စာရင်းနှင့် ပိုင်ဆိုင်မှုများအကြောင်း ဖော်ထုတ်ရေးသားခြင်းကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။

myan789

Pandora Papers တွင် (၁၁.၉)သန်းပမာဏရှိ စာရွက်စာတမ်းများ၊ (၂.၉)တီ ရာဘိုက်စ်ပမာဏရှိ ဒေတာအချက်အလက်များ ပါဝင်ကြောင်းလည်း သိရသည်။

ယခုအခါ Pandora Papers စာရင်းတွင် အီတလီ ဘောလုံးလောကမှ နာမည်ကျော်ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် နည်းပြမန်စီနီနှင့် အေးဂျင့် ရိုင်အိုလာတို့ပါဝင်လာခြင်းဖြစ်သည်။

မန်စီနီသည် ၂၀၀၈ ခုနှစ်မှစတင်၍ British Virgin Islands(BVI) ရှိ Bastian Asset ကုမ္ပဏီကို ပိုင်ဆိုင်ခဲ့ပြီး အဆိုပါကုမ္ပဏီသည် ၂၀၀၉ ခုနှစ်အတွင်း ဆွစ်ဇာလန်အခြေစိုက်ကုမ္ပဏီတစ်ခုထံမှ အမေရိကန် ဒေါ်လာ (၅ .၅)သန်း ချေးယူခဲ့သည်။

ထို့နောက် မန်စီနီ၏ Bastian Asset ကုမ္ပဏီကို အဆိုပါဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီက ခေတ္တထိန်းချုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မန်စီနီက ရှယ်ယာများပြန်လည်ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular