ဘယ်လ်ဂျီယံအသင်း၏ တိုက်စစ်မှူး လူကာကူက Nations League ပြိုင်ပွဲ၌ စွမ်းဆောင်ရည်ကောင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
လူကာကူက ၂၀၂၂ ကမ္ဘာ့ဖလားတွင် အောင်မြင် မှုရယူနိုင်ရန်အတွက် ဥရောပထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရမည့် Nations League တွင် မှတ်ကျောက်တင်ခံနိုင်ရန် လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
လူကာကူက “ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ ရည်မှန်းချက်မြင့်မြင့်မားမားထားခဲ့ပေမဲ့ အောင်မြင်မှုမရသေးပါဘူး။ Nations League မှာ စွမ်းဆောင်ရည်ကောင်းပြနိုင်မှ ကမ္ဘာ့ဖလားမှာ မျှော်လင့် နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လူကာကူက လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားသည့်ပွဲ တိုင်း အနိုင်ရရှိလိုကြောင်းနှင့် ဆုဖလားအောင်ပွဲကိုလည်း ရယူလိုကြောင်း ပြောကြားခဲ့သည်။