spot_img

MBE ဘွဲ့ရရှိမည်ဖြစ်သည့်အတွက် အလွန်ဂုဏ်ယူကြောင်း ရပ်ရှ်ဖို့ဒ် ပြောကြား

မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဗြိတိန်ဘုရင်မ အဲလိစဘတ် II ထံမှ MBE ချီးမြှင်းခြင်းခံရမည်ဖြစ်သည့်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ကပ်ဘေးကာလအတွင်း အင်္ဂလန်ရှိကျောင်းများတွင် ကလေးငယ်များကို အခမဲ့ကျွေးမွေးရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ခြင်းကြောင့် MBE ဘွဲ့ ချီးမြှင့်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

myan789

ရပ်ရှ်ဖို့ဒ်သည် နွေရာသီကျောင်းပိတ်ထားသည့်ကာလအတွင်း ကလေးငယ်များကို အခမဲ့ကျွေးမွေးအတွက် ရန်ပုံငွေ ပေါင်သန်း (၂၀)အထိ ရှာဖွေပေးခဲ့သလို၊ ဗြိတိန်အစိုးရ အိတ်ဖွင့်ပေးစာကာ ကလေးငယ်များကို အခမဲ့ကျွေးမွေးရေးအတွက် တောင်းဆိုခဲ့သည်။ ယင်းအတွက် ရပ်ရှ်ဖို့ဒ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။

ရပ်ရှ်ဖို့ဒ်က “အရမ်းကို ဂုဏ်ယူပါတယ်။ ဝိုင်ဒမ်ဆောက လူငယ်လူမည်းတစ်ဦးအနေနဲ့ အသက် (၂၂)နှစ်အရွယ်မှာ MBE ဘွဲ့ကို ရရှိဖို့ စိတ်တောင်မကူးဖူးပါဘူး။ ဒါက ကျွန်တော့်အတွက်ရော၊ ကျွန်တော့်မိသားစုအတွက်ပါ ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ ဒါပေမဲ့ ဒီဆုကို ကျွန်တော့်ထက် ကျွန်တော့်အမေက ပိုပြီးလက်ခံရသင့်ပါတယ်။ ကလေးတွေကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ရတာက တကယ်ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူတွေအတွက်၊ မိသားစုတွေအတွက်၊ ကလေးတွေအတွက် တိုက်ပွဲဝင်နေမှာပါ။ ဗြိတိန်မှာ ဘယ်ကလေးမှာ ဆာလောင်ပြီး အိပ်ယာမဝင်ရအောင် ကျွန်တော်တို့အတူ ကြိုးစားရအောင်ပါ။ ကျွန်တော် အရင်တုန်းက ပြောခဲ့တဲ့အတိုင်းပါပဲ။ ခင်ဗျား ဘယ်လိုအမြင်ပဲ ရှိရှိ ကလေးတွေမှာ အပြစ်မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

MBE ဘွဲ့မှာ လူမှုရေးလှုပ်ရှားမှုများတွင် စွမ်းစွမ်းတမံစွမ်းဆောင်သည့်သူများကို ပေးအပ်လေ့ရှိပြီး ဘောလုံးသမားများထဲတွင် ဂျရတ်၊ ဟာရီကိန်းနှင့် အီယန်ရိုက်တို့လည်း ရရှိဖူးကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular