နာမည်ကျော် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် သူ၏ ကလပ်အသင်းသစ် LAFC အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး အမေရိကန်နိုင်ငံ၏ ရာသီဥတုကြောင့် အလွန်ခက်ခဲကြောင်း ညည်းတွားခဲ့သည်။
ဂါရတ်ဘေးလ်၏ အဖွင့်ပွဲစဉ်တွင် သူ၏ကလပ်အသင်းသည် နစ်ရှ်ဗီးလ်အသင်းနှင့် စတင်ကစားခဲ့ရပြီး (၁-၂) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ဂါရတ်ဘေးလ်အပြင် အသင်း၏ အခြားထိပ်တန်းကစားသမားများဖြစ်သည့် ကားလို့စ်ဗီလာနှင့် အီတလီဝါရင့်နောက်ခံလူ ချီလီနီတို့လည်း ဝင်ရောက်ကစားခဲ့ကြသည်။
ဂါရတ်ဘေးလ်က ” လေထုစိုထိုင်းဆက အရမ်းခက်ခဲပါတယ်။ သွေးပူလုပ်နေချိန်တောင် မလွယ်ကူဘူး။ ဒီရာသီဥတုက ကျွန်တော် ကြုံတွေ့ဖူးတဲ့ အခြေအနေမဟုတ်ပါဘူး။ ကျွန်တော် မေဂျာလိဂ်ပွဲတွေကို ရုပ်သံမှာ ကြည့်တုန်းကလည်း ဒီလောက်ပူမယ်ဆိုတာ မတွေးခဲ့မိဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ”ကျွန်တော် အသင်းနဲ့ အမြန်ဆုံး အထိုင်ကျမယ်လို့ ယုံကြည်ပြီး ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး အသင်းကို အကူအညီပေးသွားပါမယ်။ အောင်မြင်မှုတွေရယူနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟုဆိုခဲ့သည်။