International Break မတိုင်မီ နိုင်ပွဲပြန်ပျောက်သွားပြီးနောက် ချဲလ်ဆီး အသင်းရဲ့ အဝတ်လဲခန်း အခြေအနေကို ပြောပြလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရာသီအကုန် တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ အဲဗာတန် အသင်းကို ၂ကြိမ်တိုင်တိုင် ဦးဆောင်နေပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရကာ ၊ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။

အဲဗာတန်ရဲ့ အမြင့်ဘောနဲ့ ခံစစ် အသားပေး ကစားဟန်ကြောင့် ချဲလ်ဆီးဟာ ဒီပွဲရဲ့ အချိန် အများစု အတွင်း ဘောလုံးကိုင်ခွင့် ရခဲ့ပေမယ့် ၊ ပြိုင်ဖက် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် အကြီးအကျယ် ဒုက္ခ ရောက်စေလောက်တဲ့ အထိ မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။

myan789

ဒီသရေ ရလဒ်ကြောင့် ချဲလ်ဆီးရဲ့ နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲ ရရှိမှု ရပ်တန့်စေခဲ့ပြီး ၊ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ယုံကြည်မှု အနည်းငယ် ကျဆင်းစေခဲ့ပြီ ဖြစ်ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ၄င်းတို့ဟာ ခြေစွမ်း အရ ကောင်းခဲ့ပေမယ့် ၊ ရလဒ် အရတော့ စိတ်ပျက်နေကြကြောင်း ဖွင့်ဟလာပါတယ် ။

ပေါ်တာ က ” ရလဒ် အရတော့ ဒါက နောက်တလှမ်း ဆုတ်သွားခြင်း ဖြစ်ပေမယ့် ၊ စွမ်းဆောင်ရည် အရတော့ ဒါက ရှေ့တလှမ်း တိုးခြင်းလို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်ပုံ ကောင်းခဲ့ပါတယ် ။ ဂျိုဝေါင် ၊ ကိုင် ၊ ခရစ်တီယန်တို့ဟာ ပထမပိုင်းမှာ ခြေစွမ်းကောင်း ပြခဲ့ကြပါတယ် ။ ”

” ရိစ်နဲ့ ချီလီတို့ကလည်း တောင်ပံ ၂ဖက်ကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့ပါတယ် ။ အန်ဇိုက ကွင်းလယ်မှာ ဖန်တီးမှုကောင်းတွေ လုပ်ပေးခဲ့သလို ၊ ဝက်စ်လေကလည်း ပွဲကို ကောင်းကောင်းကြီး မောင်းနှင်နိုင်ခဲ့ပါတယ် ။ တဦးချင်း စွမ်းဆောင်ရည်တွေ အပေါင်းလက္ခဏာ ဆောင်ခဲ့ပြီး ၊ အသင်းရဲ့ ချဉ်းကပ်ပုံနဲ့ ခံယူချက်က ကောင်းခဲ့ပါတယ် ။ ”

” ထပ်ပြောရရင် ဒါက အားမလိုအားမရ ခံစားချက်မျိုးပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အမှတ်လျော့ခဲ့တာကြောင့် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဂရေဟမ် ပေါ်တာက ဒီသရေပွဲ အပြီး ချဲလ်ဆီး အသင်းသားတွေ ရှိရာ အဝတ်လဲခန်း အတွင်း အခြေအနေကိုလည်း အခုလို ရှင်းပြလာပါတယ် ။

ပေါ်တာ က ” အဝတ်လဲခန်း အခြေအနေက တိတ်ဆိတ်နေလား ? ဒေါသပေါက်ကွဲနေလား ? မယုံနိုင်ဖြစ်နေတာလား ? ရူးသွပ်စရာကောင်းနေလား ? ကျွန်တော်ကတော့ ဒီခံစားချက် ၄ခုလုံး အဝတ်လဲခန်းထဲမှာ ဖြစ်နေတယ်လို့ ထင်ပါတယ် ။ ဒါကတော့ ခပ်တိုတိုပြောရရင်ပေါ့ ။ ခင်ဗျားတို့ရော ဒီထဲမှာ ရှိနေလို့လား ? ”

” အသင်းသားတွေဟာ ဒီရလဒ် အတွက် စိတ်ပျက်နေကြပါတယ် ။ ကျွန်တော်ကတော့ ဒါကို သိုသိုသိပ်သိပ်ထားချင်ပေမယ့် ၊ ကစားသမားတွေက စိတ်ပျက်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီနေ့ပွဲကို အနိုင်ရဖို့ အများကြီး တွန်းအားပေး ကြိုးစားခဲ့ကြလို့ပါ ။ ”

” ကျွန်တော် ရှေ့မှာပြောခဲ့သလိုပါပဲ ၊ အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း ရှုထောင့်အရ ကြည့်ရင်တော့ ဒါက တောင့်တင်းတဲ့ ပုံစံ ဖြစ်ပေမယ့် ကျွန်တော်တို့ ရလဒ်အပေါ် စိတ်ပျက်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဂိုးတွေ ပေးပြီးတော့မှ နိုင်ဖို့ မျှော်လင့်လို့ မရလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular