ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် Instagram ၌ ဝင်ငွေအများဆုံးရရှိသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး စပွန်ဆာ Post တစ်ခုလျှင် ဒေါ်လာ (၁.၆)သန်း အထိ ရရှိကြောင်း သိရသည်။
ယခုစာရင်းကို လူမှုကွန်ရက် စျေးကွက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Hopper HQ က သုတေသန ပြုလုပ်ကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး စီရော် နယ်လ်ဒိုသည် အနုပညာလောကမှ နာမည်ကျော်များကို ကျော်ဖြတ်ကာ နံပါတ်(၁)နေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် Instagram တွင် Followers အရေအတွက် (၃၀၈)သန်းရှိနေခြင်းကြောင့် ဝင်ငွေကောင်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
Instagram ၏ ပူးတွဲတည်ထောင်သူ မိုက်ခ်ဘန်ဒါက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း Instagram ကို သုံးစွဲသူ ပိုမိုများပြားလာခြင်းကလည်း စီရော်နယ်လ်ဒိုကဲ့သို့ နာမည်ကျော်များအတွက် ဝင်ငွေပိုမိုရရှိစေသည့် အကြောင်းတစ်ရပ်ဖြစ်သည်ဟု ဆိုခဲ့သည်။
Instagram ၌ စပွန်ဆာ Post တစ်ခုအတွက် ငွေကြေးအများဆုံးရရှိသော (၁၀)ဦးစာရင်းတွင် အားကစားလောကမှ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သာ ပါဝင်ကြောင်း သိရသည်။