spot_img

Ilkay Gundogan ရဲ့ ဘာစီလိုနာ စာချုပ်က စိတ်ဝင်စားစရာအချက်များ

မန်ချက်စတာ ရဲ့ အပြာရောင်ဘက်ခြမ်းမှာ ၇ နှစ်ကြာ ကစားအပြီးမှာတော့ ဂွမ်ဒိုအန် တယောက် ပရီးမီးယားလိဂ် ကို စွန့်ခွာ ခဲ့ပါပြီ ။ အမှတ်ပေး ချန်ပီယံ ၅ ကြိမ် ၊ လိဂ်ဖလား ၄ လုံး ၊ FA Cup ၂ ခုနဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ဆိုတဲ့ အောင်မြင်မှုတွေဟာ ဂျာမန်သားကြီး အတွက် အစ်တီဟတ် ကို လက်ပြနှုတ်ဆက်ဖို့ နောင်တရစရာ တခုမှ မရှိခဲ့ပါဘူး ။

မန်စီးတီး က စာချုပ်ထပ်တိုးဖို့ အဆင်သင့် ရှိနေခဲ့သလို အရှေ့အလယ်ပိုင်းကလပ် တွေကလည်း ဂွမ်ဒိုအန် ရဲ့ စကားတခွန်း အတွက် ချက်လက်မှတ်အလွတ် ကိုင်ပြီး စောင့်နေခဲ့ကြ ပေမယ့် ဂျာမန်သားကြီးကတော့ သူ ပျော်မယ့် နေရာကိုပဲ ရွေးချယ်ခဲ့ပါတယ် ။
သူ ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ ဘာစီလိုနာ ဂန္ထဝင်ကြီး ဇာဗီ ကိုင်တွယ်နေတဲ့ ဘာစီလိုနာ အသင်းဆီကိုပါ ။

myan789

ဂွမ်ဒိုအန် ဟာ မနေ့တုန်းက ဘာစီလိုနာ ကစားသမား အဖြစ်ကြေညာအတည်ပြု ခဲ့ပြီး လာလီဂါ ချန်ပီယံ နဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ဥရောပမှာရော ကမ္ဘာပေါ်မှာပါ အင်အားကြီးတဲ့ ကလပ်အသင်း တသင်း ဖြစ်ပေမယ့် လက်ရှိမှာတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ် ။

လီယွန်နယ် မက်ဆီ လို တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုခဲ့ရသလို မနှစ်က နွေရာသီ တုန်းကလည်း ကစားသမားသစ် အချို့ ဟာ ဘာစီလိုနာ ဂျာစီကို ဝတ်ဆင် ကစားခွင့်ရဖို့ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရပါတယ် ။

ဒီတခါမှာတော့ ဒီလို ကိစ္စမျိုး အတွက် ဂွမ်ဒိုအန် ဘက်က သေချာပြင်ဆင်လာခဲ့ပါတယ် ။ The Athletic ကနေ ဖော်ပြခဲ့တဲ့ သတင်းအရ ဂျာမန်သား ဟာ ဘာစီလိုနာ က သူ့ကို လာလီဂါမှာ အချိန်မီ မှတ်ပုံမတင်နိုင်ပါက အခြား အသင်းတသင်းဆီ ပြောင်းရွှေ့ ထွက်ခွာဖို့ ခွင့်ပြုရမယ့်အပြင် ပထမ ရာသီအတွက် ရရှိမယ့် လုပ်ခ လစာကိုပါ ( နစ်နာကြေးအဖြစ် ) အပြည့်အ၀ ပေးချေရမယ်လို့ သိရပါတယ် ။

ဂွမ်ဒိုအမ် ဟာ ဘာစီလိုနာ မှာ တနှစ်လုပ်ခ ယူရို ၉ သန်း နီးပါး ရရှိဖို့ ရှိနေပြီး မနှစ်ကလို လာလီဂါမှာ အချိန်မီ မှတ်ပုံမတင်နိုင်ခဲ့ဘူး ဆိုရင်တော့ ဘာစီလိုနာ တို့ မြွေပါလည်းဆုံး သားလည်းဆုံးကိန်း ဆိုက်မယ့် အလားအလာ ရှိနေမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular