spot_img

Hand of God ဂိုးသွင်းယူစဉ် မာရာဒိုနာဝတ်ဆင်ခဲ့သည့်အကျႌကို ကမ္ဘာ့စံချိန် ဒေါ်လာ ၉ ဒသမ ၂၈ သန်းဖြင့် ရောင်းချ

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ”Hand of God” ဟု အမည်တွင်စေမည့်ဂိုးအား အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာသွင်းယူစဉ် ဝတ်ဆင်ခဲ့သည့် ဂျာစီအကျႌကို ကမ္ဘာ့စံချိန်တင် ဒေါ်လာ ၉ ဒသမ ၂၈ သန်း (ပေါင် ၇ ဒသမ ၁၄ သန်း) ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနား (၂-၁) အင်္ဂလန်ပွဲ၌ အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး မာရာဒိုနာက ဒုတိယပိုင်း ၅၁ မိနစ်တွင် ခေါင်းခုန်တိုက်စဉ် အငြင်းပွားဖွယ် လက်ဖြင့်ပုတ်၍ သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးမှာလည်း ”ဘုရားပေးသောလက်(Hand of God)” ဖြင့် သွင်းယူခဲ့သောဂိုးအဖြစ် အမည်တွင်ခဲ့သည်။

myan789

ယင်းပွဲအပြီးတွင် မာရာဒိုနာ၏အကျႌကို အင်္ဂလန်အသင်းကွင်းလယ်လူ စတိဗ်ဟော့ချ်က လဲယူထားခဲ့ပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ အမျိုးသားဘောလုံးပြတိုက်၌ ပြသထားခဲ့သည်။

အစောပိုင်းတွင် စတိဗ်ဟော့ချ်က ယင်းဂျာစီကို လေလံတင်ရောင်းချရန် ငြင်းဆန်ခဲ့သော်လည်း ကမ္ဘာကျော် Sotheby’s ကုမ္ပဏီက လန်ဒန်မြို့၌ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ဧပြီ ၆ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

Sotheby’s က မာရာဒိုနာ၏ဂျာစီကို ဒေါ်လာငါးသန်းမှ ၇ ဒသမ ၅ သန်းဝန်းကျင် ရရှိရန် မျှော်မှန်းထားသော်လည်း အားကစားဆိုင်ရာ အမှတ်တရပစ္စည်းများအနက် ကမ္ဘာ့စံချိန်တင်အဖြစ် ဒေါ်လာ ၉ ဒသမ ၂၈ သန်း (ပေါင် ၇ ဒသမ ၁၄ သန်း) ဖြင့် ရောင်းချခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ဝယ်ယူသူ၏အမည်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ယင်းပမာဏမှာ ၂၀၁၉ ခုနှစ်က နယူးယောက်မြို့၌ ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ရသည့် အိုလံပစ်ကြေညာစာတမ်း မူလလက်ရေးမူကို ကျော်ဖြတ်၍ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားအမှတ်တရပစ္စည်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

မာရာဒိုနာမှာ အသက် ၆၀ ပြည့်ပြီး တစ်လခန့်အကြာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular