ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဘောလုံးလောက၏ တစ်သက်တာထူးချွန်ဆုတစ်ခုဖြစ်သည့် ၂၀၂၀ Golden Foot Award ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အသက် (၃၅)နှစ်အရွယ်ရှိ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် ယင်းဆုကို (၁၈)ကြိမ်မြောက်ချီးမြှင့်မှုတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဘောလုံး လောကတွင် အဓိကပြိုင်ဘက်ဖြစ်သူ မက်ဆီ မရရှိဖူးသေးသည့် ဆုအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်ဟုလည်း သိရှိရသည်။
ယင်းဆုသည် အသက်(၂၈) နှစ်ကျော်ပြီး လက်ရှိကစားနေသည့်ကစားသမားများထဲမှရွေးချယ်ကာ ချီးမြှင့်ပေးသည့်ဆုဖြစ်ပြီး ဆုရရှိကြောင်းကို ယခုလအစောပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်ကာ ပြီးခဲ့သည့်တနင်္ဂနွေနေ့ကမူ သူ၏ ခြေထောက်ပုံစံထွင်းထားသည့်ဂုဏ်ပြုဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆုရွေးချယ်သည့်ပုံစံမှာ နိုင်ငံတကာဂျာနယ်လစ်များက ဆန်ကာတင်ကစားသမား (၁၀)ဦး ရွေးချယ်ပြီးနောက် ပရိသတ်များက မဲပေးသည့်ပုံစံဖြစ်ပြီး စီရော်နယ်လ်ဒိုက မဲအရေ အတွက်အများဆုံးဖြင့် ယခုနှစ်အတွက်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ဆန်ခါတင်စာရင်း၌ ပါဝင်ခဲ့သူများ
ချီလီနီ၊ စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)၊ ပီကေး၊ မက်ဆီ (ဘာစီလိုနာ)၊ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)၊ နေမာ (PSG)၊ ဆာလာ (လီ ဗာပူးလ်)၊ ရာမို့စ် (ရီးယဲလ်)၊ အဂွဲရိုး (မန်စီးတီး)၊ ဗီဒယ်လ် (အင်တာမီလန်)