spot_img

GOAT ဆိုတာ တစ်ယောက်တည်း ရှိပါတယ်လို့ ပြောဆိုပြီး နံပါတ် ၁၁ ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ပြောပြသွားတဲ့ မေဆင်ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် ဟာ အသင်းနဲ့ ရာသီကြို ပြင်ဆင် လေ့ကျင့်မှုတွေ ကို ပြုလုပ်ရင်း သူ့ကို အားပေးကြတဲ့ ပရိသတ်တွေ နဲ့ အမေး အဖြေ ကဏ္ဍလေးကို ပြုလုပ် တင်ဆက် ပေးသွားခဲ့ ပါတယ် ။ ကမ္ဘာတစ်ဝှမ်း က ထောင်ပေါင်း များစွာသော ပရိသတ်တွေ ရဲ့ မေးခွန်းတွေ ထဲက အချို့ ကို တိုက်စစ်မှူးလေးက အဖြေပေး ခဲ့ပြီး အဲ့ဒိ အထဲမှာ အင်ဒို ၊ မလေးရှား နဲ့ စင်္ကာပူ က ပရိသတ်တွေရဲ့ မေးခွန်းတွေလည်း ပါရှိခဲ့ ပါတယ် ။

ဒီမေးခွန်းတွေ ထဲက စိတ်ဝင်စားစရာ မေးခွန်း အချို့ကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ် –

myan789

Palash D ( India ) : လက်ရှိ မန်ချက်စတာ ယူနိုက်တက် ထဲမှာ ဘယ်သူ့ကို မင်း အတုယူလေ့လာနေသလဲ ?

Greenwood : မေးခွန်းကောင်း တစ်ခုပါပဲ ၊ ယူနိုက်တက် မှာ အက်ဒီ ( ကာဗာနီ ) က ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် အဖြစ်ရော မိတ်ဆွေကောင်း တစ်ယောက် အဖြစ်နဲ့ပါ ရှိနေတာ အသိသာကြီးပါ ။ နောက်ထပ် ၂ ယောက် ရှိပါသေးတယ် ၊ ဟွမ်မာတာ နဲ့ နီမန်ဂျာ ( မာတစ် ) တို့ပါပဲ ။ သူတို့ရဲ့ အလုပ်ကြိုးစားမှု နဲ့ ခေါင်းဆောင်နိုင်စွမ်း တွေက တကယ်အံ့သြစရာပါ ။ သူတို့တွေက လူငယ်တွေအတွက် စံပြုလောက်တဲ့ ကစားသမားတွေပါပဲ ။

Ilham W ( Indonesia ) : ဘာလို့ နံပါတ် ၁၁ ကို ရွေးခဲ့တာလဲ ၊ ဒီနံပါတ် ဝတ်ရလို့ ဂုဏ်ယူလား ?

Greenwood : ဒီနံပါတ် က မန်ချက်စတာ ယူနိုက်တက် ရဲ့ ကြီးကျယ် ခမ်းနားပြီး အမှတ်အသား တစ်ခုလို ဖြစ်ခဲ့တဲ့ နံပါတ်ပါ ။ ဒါက ကျွန်တော် ဒီနံပါတ် ကို ရွေးခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ ။ ဒါကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်နေတာပါ ။ ရိုင်ယန်ဂစ် နှစ်ပေါင်းများစွာ ဝတ်ဆင်ပြီး အောင်မြင်ခဲ့တဲ့ နံပါတ်ကို ဝတ်ရပြီး သူ့ရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ကြိုးစားရတာက ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ ။ ကျွန်တော် အကောင်းဆုံး လုပ်နိုင်မယ်လု့ိ မျှော်လင့် ပါတယ် ။

Andrew B ( UK ) : ဘောလုံးအပြင် အခြား ဝါသနာပါတာတွေ ရှိလား ?

Greenwood : ကျွန်တော် ဝါသနာ ပါတာတွေ အများကြီး ရှိပါတယ် အန်ဒရူး ရေ ၊ ဂိမ်း ကစားတာမျိုးပေါ့ ။ အခုခေတ် လူငယ်တွေ အားလုံး ဂိမ်းကစားကြတယ်လေ ၊ ဟုတ်တယ်မဟုတ်လားဗျ ။ အားတဲ့ အချိန်တွေ မှာ ဆိုရင် သူငယ်ချင်းတွေနဲ့ Call of Duty ကို အများကြီး ကစားဖူးပါတယ် ။

Peter A ( USA ) : မေဆင်ရေ ၊ မက်ဆီ နဲ့ ရိုနယ်ဒို တိ့ု အကြားမှာ ရွေးချယ်ရမယ်ဆိုရင် ဘယ်သူက အကောင်းဆုံးလို့ မင်းထင်သလဲ ?

Greenwood : ကျွန်တော့ အတွက်တော့ အမြဲတမ်း မက်ဆီ ပါပဲ ။ သူက တစ်ခြားဂြိုဟ်က လာတဲ့သူလို့ တင်စားရမယ့် ကစားသမားပါ ။ ရိုနယ်ဒို က တကယ့် အံ့ဖွယ် ကစားသမား ဆိုတာ အသိသာကြီး ပါပဲ ။ သူ့ရဲ့ ကာယ ၊ အားကစားစိတ်ဓါတ် တွေက တကယ့် အံ့ဖွယ်ပါ ။ ဒါပေမယ့် မက်ဆီ က သူ့ရဲ့ အရွယ်အစားလေး နဲ့ ဘာတွေ လုပ်ပြခဲ့တယ် ၊ ဘာစီလိုနာ နဲ့ အာဂျင်တီးနား တိ့ုနဲ့ ဆုဖလားတွေ ယူနိုင်ခဲ့တယ် ၊ ဒါတွေက ဘယ်သူမှ လိုက်မမီတဲ့ နောက်တစ်ဆင့် ပါပဲ ။

Fred H ( Ireland ) : ကလေးဘ၀ တုန်းက မင်း အကြိုက်ဆုံး ဘောလုံး စကေး က ဘာဖြစ်မလဲ ?

Greenwood : ကျွန်တော့ အကြိုက်ဆုံး ဘောလုံး စကေးက Stepover ပါ ၊ ဒါကို အခုထိ သုံးနေတုန်းပါပဲ ။ ကျွန်တော့ အကြိုက်ဆုံး စကေးပါ ။ ဘရာဇီး ရိုနယ်ဒိုကြီး ရဲ့ Stepover Skill တွေကို ကျွန်တော် လေ့လာခဲ့ ပါတယ် ။ သူက ဒီဟာကို သုံးပြီး ဂိုးသမားတွေ ၊ နောက်ခံလူတွေကို လှည့်စား ကျော်ဖြတ်နိုင်ခဲ့တာပါ ။ စပြီး လေ့ကျင့်တုန်းက ပန်းခြံထဲမှာ အကူပစ္စည်းတွေနဲ့ လုပ်ခဲ့ပါတယ် ၊ ပြီးတော့ လေ့ကျင့်ရေးကွင်းမှာလည်း လေ့ကျင့်ပါတယ် ၊ နောက်ဆုံးမှာတော့ ကစားပွဲထဲမှာ သုံးကြည့်နိုင်ခဲ့ပါတယ် ။ အခုတော့ ဒါက ကျွန်တော် ပိုင်နိုင်တဲ့ အရာ ဖြစ်လာခဲ့ပါပြီ ။

Karl D ( Ireland ) : မန်ချက်စတာ ယူနိုက်တက် မှာ အရယ်ရဆုံး ကစားသမား ၃ ယောက်ကို ပြောပြပါဦး

Greenwood : ၃ ယောက်လား . . . လုခ်ရှော က ကျွန်တော့ကို ခနခန ရယ်စေတယ်ဗျ ၊ ပြီးတော့ ဟန်ဒါဆင် ပေါ့ ။ ဒီ ၂ ယောက် က အရယ်ရဆုံး ပါပဲ ၊ တတိယ တစ်ယောက်လား . . . ကျွန်တော့ ကတော့ ဂျင်မီ ဂါနာ ကို ရွေးချယ်ပါတယ် ၊ သူက ကျွန်တော့ရဲ့ အခင်ဆုံး သူငယ်ချင်း ဖြစ်သလို ကျွန်တော် နဲ့ ဟာသတွေ ပြောလေ့ ရှိတဲ့သူပါ ၊ အရယ်ရဆုံး ၃ ယောက်ဆိုရင်တော့ သူတို့ကိုပဲ ရွေးရမှာပါပဲ ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular