spot_img

FA ဖလား(တတိယအဆင့်) ပြန်ကန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

◘ ဝုလ်ဗ် – လီဗာပူးလ်(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၁၅ နာရီ)

ဝုလ်ဗ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တယ်။ လိုပယ်တယ်ဟီလက်ထက်မှာ ဝုလ်ဗ်ရဲ့ခြေစွမ်းက ပြန်တက်လာတယ်။ အကောင်းဆုံးပုံစံ မဟုတ်သေးပေမဲ့ ဝုလ်ဗ်ရဲ့မာကျောမှု၊ စုစည်းမှုတွေကို ပြန်မြင်လာရတယ်။ လီဗာပူးလ်ကတော့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲက စိတ်ပျက်စရာဖြစ်သလို၊ စိတ်ဓာတ်ပျက်ပြားစရာလည်းဖြစ်တယ်။ အရင်လို ခံစစ် မဟုတ်တော့ဘူး။ အရင်လို ကွင်းလယ်မဟုတ်တော့ဘူး။ တိုက်စစ်ကတော့ အလုပ်ဖြစ်လိုက်၊ မဖြစ်လိုက်ပဲ။ လက်ရှိ ဝုလ်ဗ်ရဲ့ခြေစွမ်းနဲ့ဆိုရင် လီဗာပူးလ် အဝေးကွင်းမှာနိုင်ဖို့ခက်တယ်။ မိနစ် (၉၀)အတွင်း သရေကျသွားနိုင်တယ်။

myan789

◘ ဖောရက်စ်ဂရင်း – ဘာမင်ဂမ်(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၁၅ နာရီ)

တစ်ချိန်က အင်္ဂလန်ရဲ့အားကောင်းတဲ့အသင်းကြီးတစ်သင်းဖြစ်ပြီး၊ အခုအချိန်မှာ အောက်တန်းလိဂ်တွေမှာ ကျင်လည်နေရတဲ့ ဘာမင်ဂမ်က ပထမအကျော့တုန်းက ဖောရက်စ်ဂရင်းလိုအသင်းကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဒီပွဲက အဝေးကွင်းဆိုပေမဲ့ ဘာမင်ဂမ်ပဲ နိုင်မှာပါ။

◘ ဆွမ်ဆီး – ဘရစ္စတိုးလ်စီးတီး(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၁၅ နာရီ)

ဆွမ်ဆီးနဲ့ ဘရစ္စတိုးလ်စီးတီးက လူအင်အားရော၊ ခြေစွမ်းပါ  သိပ်မကွာကြဘူး။ ပထမအကျော့ ဘရစ္စတိုးလ်ကွင်းမှာတုန်းကတော့  အကြိတ်အနယ်ကစားပြီး သရေကျခဲ့တယ်။ အခု ဆွမ်ဆီးကွင်းမှာတော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဆွမ်ဆီးကို

ပိုကြိုက်ပါတယ်။

◘ အက်ကရင်တန် – ဘိုဟမ်း(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၁၅ နာရီ)

ဘိုဟမ်းကလည်း ချက်စတာဖီးလ်လိုပဲ နေရှင်နယ်လိဂ်က အသင်းပါ။ အက်ကရင်တန်ကို အိမ်ကွင်းမှာတုန်းက သရေခံကစားခဲ့တာ တွေ့ရတယ်။ အခု အက်ကရင်တန်အသင်းရဲ့ကွင်းမှာတော့ ယှဉ်နိုင်ဖို့ မရှိဘူး။ ခြေစွမ်းလည်း ကွာသလို၊ လူအင်အား လည်းကွာပါတယ်။ အက်ကရင်တန် နိုင်ပွဲရမှာပါ။

◘ ဝီဂန် – လူတန်(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၁၅ နာရီ)

ဝီဂန်က လိဂ်ချန်ပီယံရှစ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး လူတန်ကတော့ ဇယားအလယ်မှာ ရှိနေပါတယ်။ လတ်တလောရလဒ်တွေအရကြည့်ရင် ဝီဂန် အခြေအနေ တော်တော်လေးဆိုးနေတာ တွေ့ရတယ်။ လူတန်ကွင်းမှာတုန်းက သရေကျခဲ့ပေမဲ့ ဒီပွဲလည်း လူတန်ပဲကြိုက်တယ်။

◘ ဝက်စ်ဘရွန်း – ချက်စတာဖီးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂း၃၀ နာရီ)

အဆင့်ကွာ၊ ခြေကွာတဲ့အသင်းနှစ်သင်း ပထမအကျော့တုန်းက သရေကျခဲ့တာက ဝက်စ်ဘရွန်း ည့့ံလွန်းလို့ပါ။ လက်ရှိ ဝက်စ်ဘရွန်းရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက ချက်စတာဖီးလ်လို အပျော်တမ်းသာသာ အသင်းတစ်သင်းကို ဂိုးပြတ်နိုင်ဖို့တောင် မခက်ပါဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular