spot_img

FA ဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်သော်လည်း လုံလောက်သည့် စွမ်းဆောင်ရည်မဟုတ်ဟု တူဟယ်လ် သုံးသပ်

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က FA ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်တက်ရောက်ခဲ့သော်လည်း လုံလောက်သည့် စွမ်းဆောင်ရည်မပြသနိုင်ခဲ့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် FA ဖလား ပ ဉ္စမအဆင့်ပွဲစဉ်အဖြစ် ကြာသပတေးနေ့က လိဂ်ချန်ပီယံရှစ်ကလပ် ဘန်စလေအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (ဝ-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

myan789

ဘန်စလေအသင်းက ဂိုးကန်သွင်းခွင့် (၁၆)ကြိမ်ဖြင့် ဖိအားပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာမူ ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှုတစ်ကြိမ်သာရရှိကာ (၆၄) မိနစ်တွင် အေဘရာဟမ်က အနိုင်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ တူတယ်လ်က “ဒါက လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးမဟုတ်ဘဲ နောက်ကိုဆင်းကစားရတာလည်း အချိန်တော်တော်ကြာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သေချာပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် FA ဖလား ကွာတားဖိုင်နယ်တွင် ရှက်ဖီးယူနိုက်တက်နှင့် တွေ့ဆုံမည်ဖြစ်ပြီး အခြားပွဲစဉ်များတွင် အဲဗာတန်- မန်စီးတီး၊ ဘုန်းမောက်-ဆောက်သမ်တန်၊ လက်စတာ-မန်ယူ တွေ့ဆုံနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular