မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစား သမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီမှာတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ဘောလုံး ရာသီကို ပိုင်ဆိုင်််ထားခဲ့ရပါတယ် ။ ဒီအတွက် သူ့ရဲ့ သွင်းဂိုးနှုန်းတွေက သက်သေအဖြစ် ရှိခဲ့ရပါတယ် ။
ရပ်ရှ်ဖို့ဟာ ယူနိုက်တက်တို့ ချဲလ်ဆီး အသင်းကို 4-1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ တစ်ဂိုး သွင်းယူခဲ့တဲ့နောက် ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး 30 ပြည့်မြောက််ခဲ့တာပဲ ဖြစ်ပြီး ဗန်ပါစီ နောက် တစ်ရာသီ ဂိုး 30 သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။
ဒါ့အပြင် ဒီရာသီ ယူနိုက်တက်တို့ ကာရာဘောင် ဖလား ဆွတ်ခူးရေး ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေးမှာ ရပ်ရှ်ဖို့ ဟာ အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။ တကယ်တော့ ရပ်ရှ်ဖို့ ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် ဘယ် ၊ ညာ တောင်ပံ နဲ့ အထောင် တိုက်စစ်မှူး နေရာတွေမှာ ကစားပေးခဲ့ပါတယ် ။
အခုတော့ ရပ်ရှ်ဖို့ က သူဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံံ တွေမှာ ကစားရတာ နှစ်သက်မိကြောင်း ၊ အထူးသဖြင့် ဘယ်တောင်ပံမှာ ကစားရတာက သူအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးဖြစ်ကြောင်း ကာရာဘောင် ဖိုင်နယ် မတိုင်မီ ထုတ်ပြောခဲ့လိုက်ပါတယ် ။
” ကျွန်တော် ဘယ်ရော ၊ ညာမှာပါ ကစားပေးနိုင်ပါတယ် ။ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ ကစားပေးရတာက ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်ရတယ် ၊ သဘာဝကျကျ ကစားပေးနိုင်တယ်လို့ ခံစားမိပါတယ် ။ ဒါပေမဲ့ နှစ်ဖက်လုံးမှာ ကစားပေးရတာ ကျွန်တော် ပျော်ရွှင်မိပါတယ် ”
” ကျွန်တော်ဟာ အသင်းကို ကူညီပေးနေတာပါ ။ ကျွန်တော့်အတွက် ဒါက အရေးအကြီးဆုံးပဲလေ ။ ကျွန်တော်တို့အသင်းမှာ နေရာစုံကစားပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေတာကြောင့် ကျတဲ့နေရာမှာ အကောင်းဆုံး ကစားပေးဖို့ ကြိုးစားရမှာပါပဲ ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။