spot_img

FA ဖလားမှ ထွက်ရခြင်းအတွက် ဝေဖန်မှုများခံနေရသည့် ဒီဟေးယားဘက်မှ ဆိုးလ်ရှား ကာကွယ်

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် ဝေဖန်မှုများ ပြင်းထန်စွာခံနေရသည့် ဂိုးသမား ဒီဟေးယားဘက်မှ ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် FA ဖလား ဆီမီးဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျရူးသွင်းယူသည့် ပထမဂိုးနှင့် မေဆန်မောင့်သွင်းယူသည့် ဒုတိယဂိုးမှာ ဒီဟေးယား၏ အမှားကြောင့်ဖြစ်သလို တတိယဂိုးမှာလည်း မက်ဂွိုင်းရား ကိုယ့်ဂိုးကိုယ်သွင်းယူမိခြင်းဖြစ်သည်။

myan789

ဒီဟေးယားသည် ယခု ရာသီတွင် မကြာခဏ အမှားကျူးလွန်နေသောကြောင့် BBC Match of the Day အစီအစဉ်၏ ဘောလုံးဝေဖန်သူ မန်ယူအသင်းနောက်ခံလူဟောင်း ဖီးလ်နဗီးလ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားတို့က ဝေဖန်ပြစ်တင်ခဲ့ကြသလို ပရိသတ်များစွာကလည်း Twitter တွင် လှောင်ပြောင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သို့သော် ဆိုးလ်ရှားက ”ကျွန်တော်တို့ ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားခဲ့တဲ့ ကာလတစ်လျှောက်မှာ ဆာဂျီယို (ရိုမဲရိုး) နဲ့ ဒါးဗစ် (ဒီဟေးယား) တို့က ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲတွေမှာ ကျွန်တော်တို့ Clean Sheet တွေလည်း ရခဲ့ပါတယ်။ ကြာသပတေးနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူက ကောင်းမွန်တဲ့ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ခင်ဗျားကိုတွေ့လိုက်တာနဲ့ အားလုံးက ဒါးဗစ်အကြောင်း ခေါင်းကြီးပိုင်းလုပ်ကြတော့မယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတစ်ဂိုးကတော့ ကာကွယ်နိုင်သင့်တယ်ဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်။ အဲဒီပုံစံမျိုး အကြိမ် ၁၀၀ လာရင် အကြိမ် ၁၀၀ စလုံး ကာကွယ်နိုင်သင့်တယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ ဒါပါပဲ။ သူ့ရဲ့ ယုံကြည်မှုအကြောင်း မပြောနိုင်ပေမဲ့ သူက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပါ။ စိတ်ပိုင်းဆိုင်ရာအခြေအနေက ဒီပွဲအတွက် အဆင်သင့်ဖြစ်နေလို့ ပွဲထွက်ကစားခွင့်ပြုဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ဒါးဗစ်က အရမ်းကောင်းတဲ့ ကာကွယ်မှု နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ထားနိုင်ပေမဲ့ ဂိုးသမားတစ်ယောက်အတွက် အမှားပြင်ဆင်ဖို့ဆိုတာ တော်တော်ခက်ပါတယ်”ဟု ကာကွယ်ပြောကြားသည်။

ချယ်လ်ဆီးအသင်းမှာမူ ဗိုလ်လုပွဲသို့ ၁၄ ကြိမ်မြောက် တက်ရောက်ခွင့်ရပြီး သြဂုတ် ၁ ရက်တွင် လန်ဒန်ဒါဘီပြိုင်ဘက် အာဆင် နယ်အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းသည် FA ဖလား ဗိုလ်လုပွဲ၌ တတိယအကြိမ် ဆုံတွေ့ခြင်းဖြစ်ပြီး ယခင်နှစ်ကြိမ်စလုံး (၂၀၀၂၊ ၂၀၁၇) တွင် အာဆင်နယ်အသင်းက အနိုင်ရဗိုလ်စွဲထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular