spot_img

DC ယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဖီနာဘာချီနှင့် အိုဇေးလ် စာချုပ်တော့မည်ဟု တူရကီမီဒီယာများ ဖော်ပြ

အာဆင်နယ်အသင်း၏ ဂျာမနီ လက်ရွေးစင်ကွင်းလယ်လူဟောင်း အိုဇေးလ်သည် မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းထံသို့ (၃)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု တူရကီမီဒီယာများက ဖော်ပြခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် ခက်ခဲသည့် အချိန်များကို ကြုံတွေ့ခဲ့ပြီးနောက် ယခုအချိန်တွင်ယင်း အချိန်များအဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းလည်း တူရကီမီဒီယာများက ဖော်ပြခဲ့ကြသည်။

myan789

တူရကီရုပ်သံတစ်ခုဖြစ်သည့် NTVSpo က အိုဇေးလ်နှင့် ဖီနာဘာချီအသင်း (၃)နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းကို အတည်ပြုခဲ့ပြီး မကြာမီ အပြီးသတ်စာချုပ်ချုပ်ဆိုတော့မည်ဟု ဖော်ပြခဲ့သည်။

အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် (၈)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါး၏လက်အောက်တွင် အသင်း၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနို်င်ခဲ့သည်။

သို့ရာတွင် အူနိုင်းအမ်မရီကိုင်တွယ်သည့် နောက် ပိုင်းနှစ်များနှင့် အာတီတာလက် ထက်တွင်မူ အိုဇေးလ်သည် စာချုပ်ပြဿနာ၊ အပြောင်းအရွှေ့ပြဿနာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ ပြဿနာများပါ ရှိခဲ့ပြီး လုံးဝကစားခွင့်မရခဲ့ချေ။

အိုဇေးလ်၏ အေးဂျင့်ဖြစ်သူကမူ ယင်းသတင်းများ ထွက်ပေါ်မလာမီ တစ်ရက်အလိုတွင်သူ၏ ကစားသမားသည် မည်သည့်အသင်းကိုပြောင်းရွှေ့မည် ကို မစဉ်းစားရသေးဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular